Pages

Thursday, August 26, 2010

ဖမ်းဆီးခံရသည့် ကရင်ရွာသားနှစ်ဦး ပျောက်ဆုံးနေ

စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း ထန်းတပင်မြို့နယ်တွင် လှုပ်ရှားနေသည့် နအဖ ခလရ(၇၃)သည် ယခုလ ဒုတိယအပတ်က ကရင် ရွာသား ၂ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အချိန် ပြန်လွှတ်ပေးခြင်းမရှိကြောင်း ဌာနေမဲ့ ပြည်တွင်းကရင် ဒုက္ခသည်များဆိုင်ရာကော်မတီ(CIDKP)က ပြောသည်။
တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးစခန်းအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၇၃)တပ်ရင်းမှ တပ်ဖွဲ့ဝင်များ သည် ပြီးခဲ့သည့် သြဂုတ်လ ၁၉ရက်နေ့တွင် မာလာကုန်းကျေးရွာအတွင်းသို့ဝင်ရောက်ကာ ရွာသား စောမူးသော ၂၂နှစ်၊ စော ခိုကလယ်ထူး ၁၉နှစ်တို့နှစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု တောင်ငူခရိုင် CIDKP တာဝန်ခံ စောအယ် ၀ါးက ပြောသည်။
Print This Post
Home » Headline, သတင်း
ဖမ်းဆီးခံရသည့် ကရင်ရွာသားနှစ်ဦး ပျောက်ဆုံးနေ
Submitted by Karen Information Center on Thursday, 26 August 2010No Comment.သြဂုတ်လ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း ထန်းတပင်မြို့နယ်တွင် လှုပ်ရှားနေသည့် နအဖ ခလရ(၇၃)သည် ယခုလ ဒုတိယအပတ်က ကရင် ရွာသား ၂ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အချိန် ပြန်လွှတ်ပေးခြင်းမရှိကြောင်း ဌာနေမဲ့ ပြည်တွင်းကရင် ဒုက္ခသည်များဆိုင်ရာကော်မတီ(CIDKP)က ပြောသည်။
တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးစခန်းအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၇၃)တပ်ရင်းမှ တပ်ဖွဲ့ဝင်များ သည် ပြီးခဲ့သည့် သြဂုတ်လ ၁၉ရက်နေ့တွင် မာလာကုန်းကျေးရွာအတွင်းသို့ဝင်ရောက်ကာ ရွာသား စောမူးသော ၂၂နှစ်၊ စော ခိုကလယ်ထူး ၁၉နှစ်တို့နှစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု တောင်ငူခရိုင် CIDKP တာဝန်ခံ စောအယ် ၀ါးက ပြောသည်။

၎င်းက “ဒီလ ၁၉ရက်နေ့မှာ ဇရပ်ကြီးစခန်းမှာရှိတဲ့ ခလရ (၇၃)က လှုပ်ရှားတပ်ဖွဲ့ဝင်တွေဟာ မာလာကုန်းရွာထဲကိုဝင်လာပြီး အပြစ်မရှိတဲ့ စောမူသောနဲ့ စောခိုကလယ်ထူး ညီအစ်ကိုနှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ အခုထိ ပြန်မလွှတ်သေး ဘူး။ ဘယ်ကိုခေါ်သွားမှန်းတောင် ဘယ်သူမှလည်း မသိကြဘူး။ သတ်များသတ်ပစ်လိုက်ပြီလားပေါ့။”ဟု ကေအိုင်စီကို ပြော သည်။

အဆိုပါ နအဖစစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်နေ့တွင် ထန်းတပင်မြို့နယ် ပယ်တော်ဒေးရွာသား စောတာမလာဒို ၃၉နှစ်နှင့် စောဝါးနေစေး ၂၈နှစ်တို့နှစ်ဦးအပြင် ဘုမ္မတီးရွာသား ဦးမန်းတင် ၅၀နှစ်ကိုလည်း ၎င်းတို့၏တပ်စခန်းရှိရာ ဇရပ်ကြီး သို့ ခေါ်ဆောင်သွားခဲ့ရာ လမ်းတ၀က်တွင်ပင် သတ်ပစ်ခဲ့သည်ဟု မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့(FBR)က ပြောသည်။

ထိုဒေသအတွင်း လှုပ်ရှားလျှက်ရှိသော နအဖစစ်တပ်များသည် ယခင်ကလည်း ဒေသခံ ကရင်ရွာသားများကို အလားတူ ဖမ်း ဆီးခေါ်ဆောင်ရာတွင် သက်ဆိုင်ရာ သူကြီးများ၏ ထောက်ခံမှုဖြင့် ပြန်လွှတ်လိုက်ခြင်းရှိခဲ့သလို တချို့ကို ပြန်လွှတ်ပေးခြင်းမရှိ ဘဲ သတ်ပစ်သည်များလည်း ရှိခဲ့သည်။