Pages

Monday, August 30, 2010

စစ်တပ်ရာထူး အပြောင်းအလဲ စာရင်း ဧရာဝတီ ကရရှိ

ဧရာဝတီ မှ...

လတ်တလော ထွက်ပေါ်လာသည့် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ပတ်သက်ပြီး ဧရာဝတီမှ စာရင်းအတိအကျကို အတည်ပြုနိုင်ပြီ ဖြစ်သည်။ပြီးခဲ့သည့် သောကြာနေ့က တပ်မတော်နှင့် ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ အဓိကကျသည့် ရာထူးနေရာ ၄၀ ခန့် အပြောင်းအလဲ ပြုလုပ်ခဲ့ရာ ၃၃ နေရာမှာ အလွန်အရေးကြီးသော ရာထူးများ ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများက ဆိုသည်။

ယင်းရာထူး အပြောင်းအလဲနှင့် ပတ်သက်ပြီး အတည်ပြုနိုင်သည့် ဧရာဝတီမှ ရရှိသည့် စာရင်းမှာ -

၁။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်
(တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)
။ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
(ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)

၃။ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
(ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး)

Thursday, August 26, 2010

ဖမ်းဆီးခံရသည့် ကရင်ရွာသားနှစ်ဦး ပျောက်ဆုံးနေ

စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း ထန်းတပင်မြို့နယ်တွင် လှုပ်ရှားနေသည့် နအဖ ခလရ(၇၃)သည် ယခုလ ဒုတိယအပတ်က ကရင် ရွာသား ၂ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အချိန် ပြန်လွှတ်ပေးခြင်းမရှိကြောင်း ဌာနေမဲ့ ပြည်တွင်းကရင် ဒုက္ခသည်များဆိုင်ရာကော်မတီ(CIDKP)က ပြောသည်။
တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးစခန်းအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၇၃)တပ်ရင်းမှ တပ်ဖွဲ့ဝင်များ သည် ပြီးခဲ့သည့် သြဂုတ်လ ၁၉ရက်နေ့တွင် မာလာကုန်းကျေးရွာအတွင်းသို့ဝင်ရောက်ကာ ရွာသား စောမူးသော ၂၂နှစ်၊ စော ခိုကလယ်ထူး ၁၉နှစ်တို့နှစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု တောင်ငူခရိုင် CIDKP တာဝန်ခံ စောအယ် ၀ါးက ပြောသည်။

Wednesday, August 25, 2010

ဝတပ်ဖွဲ့က ရွေးကောက်ပွဲနှင့် နယ်ခြားစောင့်ကိစ္စ လက်မခံ

ခေတ်ပြိုင် မှ..........

ဝဒေသအတွင်း ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်မည်ကို လက်မခံနိုင်ကြောင်း ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဝတပ်ဖွဲ့ က အကြောင်းပြန်ကြားလိုက်သည်။

ယခုလ (၂၀) ရက်တွင် UWSA ဝတပ်ဖွဲ့အား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ခေါ်ယူတွေ့ဆုံကာ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် နယ်ခြားစောင့်အသွင်ပြောင်းရေးကိစ္စများ သတိပေးပြောဆိုခဲ့မှုအပေါ် လက်မခံနိုင်ကြောင်း ဝတပ်ဖွဲ့က ယမန်နေ့၌ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဝတပ်ဖွဲ့နှင့် နီးစပ်သူတဦးက “မဲဆန္ဒနယ်မြေတွေမှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ ဝဒေသကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေ စက်တင်ဘာလထဲ လာမယ်ဆိုတာနဲ့ ပတ်သက်လို့ ဒေသခံလူထုတွေက အသိပညာနိမ့်ကျလို့ ဒါတွေ နားမလည်ဘူးပေါ့။ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ကိစ္စတွေ သူတို့နယ်ထဲလာလုပ်တာ လက်မခံနိုင်ဘူးဆိုပြီး ပြောလိုက်တယ်။ နယ်ခြားစောင့်တပ် ကိစ္စကတော့ နောင်တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးမယ်ဆိုပြီး ပြန်ပြောလိုက်တယ်” ဟု ပြောကြားသည်။

Monday, August 23, 2010

မြ၀တီမြို့ ဂက်စ်အိုးကားပေါက်ကွဲ ဒဏ်ရာရသူရှိ

စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ အထက(၁) အနောက်ဖက်တွင် ယမန်နေ့ည (၇)နာရီခွဲကျော်အချိန်၌ ဂက်စ်အိုးများ တင်ဆောင်နေ သည့်ကား ပေါက်ကွဲခဲ့ရာ လူသေဆုံးမှု မရှိသော်လည်း ၄ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
မြ၀တီမြို့ အမှတ်(၄)ရပ်ကွက်တွင် ၃ဂ/၉၀၉၇ နံပါတ်ရှိ မှန်လုံကားမှ ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ လူ နေအိမ် ၃လုံးနှင့် စာသင်ကျောင်း အဆောက်အဦးတချို့ မီးလောင်ကျွမ်းခဲ့ပြီး ကလေးငယ်များ ပါဝင်သည့် ဒဏ်ရာရသူများကို မြ၀တီ ဆေးရုံသို့ ယမန်နေ့ညကတည်းက ပို့ဆောင်ကုသပေးခဲ့ပြီ ဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

“ဂက်စ်အိုးတွေကို ကားပေါ် တင်လိုက်၊ ချလိုက်လုပ်နေချိန်မှာ ထပေါက်တာပဲ။ အဲဒီကားပေါ်မှာ ဂက်စ်အိုးက ၆၄လုံးပါတယ်။ ပေါက်ကွဲ တော့ ကားတစ်စီးလုံး ပျက်စီးသွားတယ်။ အနားက အိမ် ၃လုံး မီးလောင်သွားပြီး အိမ်တစ်လုံးကိုတော့ မီးဟပ်သွားတယ်။ နောက်ပြီး စာသင်ကျောင်းလည်း ပျက်စီးမှု နည်းနည်းရှိတယ်။”ဟု ဆိုသည်။

Monday, August 16, 2010

ဘတပြန် ကျားတပြန် တရုတ်နှင့် အမေရိကန်ကြားက မြန်မာ အမြတ်ရမည်လော

မဇ္ဈိမ မှ.....

ဆိုဗီယက် အင်ပါယာကြီး ပြိုကွဲသွားတော့ ကမ္ဘာပေါ်မှာ စူပါ,ပါဝါ အဖြစ် အမေရိကန်နိုင်ငံပဲ ထီးထီးကြီး ကျန်ရစ်ပါတော့တယ်။ ပထမ အီရတ်စစ် အပြီးမှာ အမေရိကန်ရဲ့ စစ်ရေး အောင်မြင်မှုကြောင့် တဆင့်မြှင့်ကာ အမေရိကန်နိုင်ငံကို ဟိုင်ပါ,ပါဝါ (Hyper-Power) လို့တောင် တင်စားခဲ့ကြပါတယ်။ ဒုတိယ အီရတ်စစ်ပွဲနဲ့ အာဖဂန် စစ်ပွဲတွေမှာ အမေရိကန်စစ်တပ် အထိနာမှ တဆင့်ပြန်နိမ့်ကျ သွားပါတယ်။ တချိန်က ဆိုဗီယက်နဲ့ အမေရိကန် စစ်အေးတိုက်ပွဲမှာ အားပြိုင်ခဲ့ကြတယ်။ စစ်ရေးအရတော့ ဆိုဗီယက်တွေဟာ စူပါ,ပါဝါ ပဲ။
ခေါင်းဆောင်ကြီးတွေ စစ်အင်အားပြဖို့ စစ်တပ်ကို ထူထောင်တယ်ဆိုတာ တကယ်တော့ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ရှေ့မှာ စစ်သားတယောက် သေနတ်ကိုင် တိုက်နိုင်ဖို့ နောက်က လူ ၄၊ ၅ ယောက် ပံ့ပိုးရပါတယ်။ ထမင်းချက် ကျွေးမယ့်သူ၊ စစ်ပစ္စည်း ကားမောင်း ပို့မယ့်သူ၊ စစ်လက်နက် ထုတ်လုပ်ဝယ်ယူသူ၊ စစ်လက်နက် ထိန်းသိမ်းရသူ၊ အကျွမ်းအဝင်ဖြစ်အောင် သင်ကြားရသူ (Logistic, maintenance & training ကိုဆိုချင်တာပါ)။ ဒါတွေရေရှည် ထိန်းနိုင်ဖို့ ငွေလိုပါတယ်။ တိုင်းပြည်တပြည်အတွက် ငွေရှိဖို့ဆိုတာ တိုင်းပြည်စီးပွားရေးကို နိုင်အောင်ကိုင်နိုင်ဖို့ လိုပါတယ်။ ဆိုဗီယက် ကွန်မြူနစ်တွေဟာ အပြင်က ဟန်နဲ့ စစ်ရေးပြနေပေမယ့် အတွင်းက ဟောင်းလောင်းဖြစ် နေတာမို့ ဆိုဗီယက်နိုင်ငံဟာ ကွန်မြူနစ် စံနစ်နဲ့အတူ ကျဆုံးခဲ့ရပါတယ်။ မြန်မာဗိုလ်ချုပ်တွေ သတိပြုမိပါစ။

Thursday, August 12, 2010

နှစ် ၆၀မြောက် ကရင့်အမျိုးသား အာဇာနည်နေ့အပေါ် ကေအဲန်အယ်လ်အေ ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး စောဒူးမှ ကေအိုင်စီသို့ ပြောကြားချက်

KIC မှ

မေး - ဒီသြဂုတ်လ ၁၂ရက်နေ့မှာ ကျရောက်တဲ့ အနှစ်(၆၀)မြောက် ကရင်အမျိုးသား အာဇာနည်နေ့မှာ အာဇာနည်နေ့ဖြစ်လာရတဲ့ အကြောင်းရင်း အကျဉ်းချုပ်လေး အနည်းငယ် ပြောပြပါလား။
ကျနော့်နာမည်က ဖူးစောဒူးပဲ ခေါ်တာများပါတယ်။ ရာထူးကတော့ ဒုတိယ ဗိုလ်မှူးကြီး တာဝန်ကတော့ သ၀ခမှာ သင်တန်းမှူးချုပ်။ အာဇာနည်ဖြစ်ပေါ်လာတဲ့ အကြောင်းရင်းက ၁၉၅၀ ခုနှစ်မှာ ဖာပွန် အစည်းအဝေးမှာ ဥက္ကဌ ကြီး စောဘဦးကြီးက မူ (၄)ချက် သူ ချထားတယ်။ သူကနေပြီးတော့ နိုင်ငံခြားကို ထွက်ဖို့ သူဆင်းသွားတယ်။ သူဆင်းသွားတော့ ပီ့တခါ့ကိုရောက်တော့ မိုးအကြီးအကျယ် ရွာတဲ့အပေါ်မှာ ရွာသားတွေက သူ့ကို တားတာပေါ့။ သူက သွားမယ်တဲ့။ သွားတော့ ထို့ကော်ကိုးရွာရောက်တော့ ရွာသားတွေက သူ့ကို ရွာထဲမှာ မပေးအိပ်ဘူး။ လယ်တဲမှာ သွားပေးအိပ်တယ်။ လယ်ထဲမှာ သွားအိပ်တော့ ရွာသားမောင်ကဲကနေပြီးတော့ ရန်သူကို သွားတိုင် တယ်။ ရန်သူက အဲဒီမှာ ဖဆပလတပ်ပဲ။ ဗိုလ်စိန်လွင်ကို သွားတိုင်တာ။ ဗိုလ်စိန်လွင်က အဲဒီအချိန်မှာ သူတပ်စု မှူးပဲ ရှိသေးတယ်။ မိုးလင်းရောက်အချိန်မှာ လာပြီးတော့ ၀ိုင်းပစ်တော့ အဲဒါ ဥက္ကဌကြီးနှင့် အဖွဲ့က ခုခံပြီးတော့ အဲဒီမှာပဲ အကုန်လုံး ကျဆုံးသွားတယ်။ အဲဒါကြောင့်မို့လို့ အဲဒီအချိန်က စပြီးတော့ အာဇာနည်နေ့အဖြစ် တစ်ပြည်လုံးအတိုင်းအတာနဲ့ အာဇာနည်နေ့လို့ သတ်မှတ်ထားတယ်။

Wednesday, August 11, 2010

Tuesday, August 10, 2010

ရဲမွန်တပ်တွင်းအခြေအနေ မအေးသေး

ခေတ်ပြိုင် သတင်းမှ......

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ရဲမွန်တပ်တွင်းတွင် ရဲဘော်များ၏ စုငွေကိစ္စကို ရွေးကောက်ပွဲပြီးမှသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုချက်အပေါ် ဆက်လက်မကျေမနပ်ဖြစ်နေကြသည်ဟု ရဲမွန်တပ်တွင်း သတင်းများအရ သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရဲမွန်တွင် ပစ်ခတ်နေကြပြီဟုလည်း ရန်ကုန်တွင် အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်နေသည်။

“သြဂုတ်လ (၈) ရက်နေ့က ရဲမွန်မှာ ပစ်နေခတ်နေကြတယ်လို့တောင် ကြားတယ်။ ဒါပေမယ့် တိတိကျကျတော့ မသိရသေးပါဘူး” ဟု ထောက်ကြန့်မြို့ခံတဦးက ပြောသည်။
ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတဦးက ယင်းသို့ ပစ်ခတ်မှုဖြစ်သည်ဆိုသည်မှာ မဟုတ်ကြောင်း ပြောသည်။

နယ်ခြားစောင့်တပ် မပြောင်းလိုသော ဒီကေဘီအေ အချင်းချင်း ပူးပေါင်း

မဇ္ဈိမ သတင်းမှ....

နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းလိုသော ဗိုလ်မှူးကြီးစောလားပွယ်၏ တပ်သို့ အခြား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်အဖွဲ့များမှ လာရောက် ပူးပေါင်းမှုများ ရှိနေသည်။

ဗိုလ်မှူးကြီးစောချစ်သူ၏ ၉၉၉ လက်အောက်မှ ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်မှ အရာရှိတဦးနှင့် တပ်သား ၁၉ ဦးတို့ တပ်မဟာ ၅ က လိုထူးဘောဗျူဟာသို့ ပူးပေါင်းရာတွင် ၎င်းတို့နှင့်အတူ ၆ဝ မမ အာပီဂျီစသည့် လက်နက်ကြီးများအပါအဝင် M-16၊ M-79၊ AK-47 လက်နက်အမျိုးအစား အလက် ၂ဝ ကျော်နှင့် လက်ပစ်ဗုံးများ ပါဝင်သည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

Sunday, August 8, 2010

ရဲမွန်တပ်တွင် ပစ်ခတ်မှုများစတင် ဖြစ်ပွား

Freedom News Group မှ.............

ယနေ့ ည ဆယ့်နှစ်နာရီ ခန့် က ရဲမွန် တပ်မြို့ တွင် ပစ်ခတ်မှုများ စတင်ဖြစ်ပွားသည် ဟု သတင်းရရှိသည်။
လွန်ခဲ့သည့် သီတင်းတစ်ပတ်ကျော်က ဘဏ်စုငွေများ ထုတ်မပေးခြင်းကြောင့် မကျေမနပ် ဖြစ်နေသည့် ရဲမွန်
တပ်မှ တပ်သားများ ကို လက်ဖြောင့်တပ် အပြင် နေပြည်တော်မှ တပ်များ က လာရောက်ဝိုင်းရံခဲ့သည်။

ထို လာရောက်ဝိုင်းသည့် တပ်များမှာ နေ့ ရက်ကြာလာသည်နှင့် အမျှ ရဲမွန်တပ်တွင်းရှိ ရဲဘော်များ ကို
ဂရုဏာသက်ပြီးတုံ့ ပြန်မှုများ ပြုလုပ်ရန် နှောင့်နှေးရာမှ ထပ်မံလာရောက်သည့် တပ်နှင့် ကနဦး
ဝိုင်းထားသော တပ်များ ပဋိပက္ခဖြစ်ခြင်း ဟု ရန်ကုန် မြို့ ရှိ တပ်မတော် အရာရှိ ဟောင်း တစ်ဦးက
Freedom News Group သို့ ပြောသည်။

ရဲမွန် တပ်မြို့ ၏ နောက်ဆုံး အခြေအနေများ နှင့် ပတ်သက်၍ “ ညက တပ်အပြင်မှာ လို့ ထင်ရတယ်
သေနတ်သံ ဆယ်ချက်လောက် ကြားတယ် သတိပေးသံ မဟုတ်ဘူး တစ်ဖက်နဲ့ တစ်ဖက် ပစ်တဲ့အသံ
မျိုး နောက်ဆုံး ပစ္စတို သံ နှစ်ချက် လောက်ပစ်ပြီးတော့ မှ အသံတိတ်သွားတယ် ဟု ထို တပ်မတော် အရာရှိ
ဟောင်း တစ်ဦးက ပြောသည်။

Friday, August 6, 2010

မြ၀တီတွင် ဗုံးပေါက်ကွဲ ၂ဦးသေပြီး ၇ဦးဒဏ်ရာရ

ကေအိုင်စီ မှ..........

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် ယနေ့ည မြန်မာစံတော်ချိန် ၈နာရီခွဲခန့်၌ ဗုံးတစ်လုံး ပေါက်ကွဲရာ ၂ဦး ပွဲချင်းပြီး သေဆုံး ကာ ၇ဦး ဒဏ်ရာရှိသွားခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
မြ၀တီမြို့နေ အမျိုးသမီးတစ်ဦးက “ဗုံးပေါက်တယ်လေ။ ဘုရင့်နောင်လမ်းမက ညဈေးဘက်မှာ။ သစ်သီးဆိုင်ရှေ့မှာ ဖြစ်တာ။ ၂ယောက်ကတော့ တစစီ လွှင့်စင်ထွက်သွားတာ ပွဲချင်းပြီးပဲ။ ဆိုင်ကယ်နှစ်စီးတော့ ပျက်စီးသွားတယ်။”ဟု ဆိုသည်။“ဗုံးကတော့ ပေါက်တာ အတော်ကျယ်တယ်။ ကြည့်ရတာ အတော်ပြင်းမဲ့ပုံပဲ။ မြ၀တီတစ်မြို့လုံး မကြားတဲ့သူ မရှိဘူး။”ဟု ကုန် သည်တစ်ဦးက ပြောသည်။ ဖြစ်ပုံမှာ မြ၀တီမြို့ ဘုရင့်နောင်လမ်းမရှိ မွေးမြူရေးဘဏ်အနီးရှိ သစ်သီးဆိုင်ရှေ့တွင် သစ်သီးဝယ်ရန်လာသည့် ရှမ်းလေးဆို သူတို့လင်မယားသည် ဆိုင်ကယ်ကိုရပ်ခိုက် ၎င်းတို့နောက်နားတွင် ပြောက်ကျားအင်္ကျီဝတ်လူနှင့် အငှားဆိုင်ကယ်သမား ရောက်ရှိလာပြီးမှ ဗုံးထပေါက်ခြင်းဖြစ်သည်ဟု သိရသည်။

Wednesday, August 4, 2010

နအဖတပ်နှင့် ကေအန်အယ်အေ တိုက်ပွဲဖြစ်

ခေတ်ပြိုင် မှ.....

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) က နအဖစစ်တပ်ကို ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီးတွင် ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ နအဖတပ်မှ ဒု-ရင်းမှူး (၁) ဦးအပါအ၀င် တပ်ဖွဲ့ဝင် (၈)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ နေ့လယ်တွင် လှိုင်းဘွဲ့မြို့နယ်ရှိ ပူးလူးရွာ၌ အခြေစိုက်သည့် စကခ (၁၉) လက်အောက်ခံ ခလရ (၆၂) တပ်ရင်းက စောဖိုးခီးခွင်အတွင်း လှုပ်ရှားနေသော ကေအန်အယ်လ်အေ တပ်ရင်း (၂၂) ကို ခြေမှုန်းရန် ၀င်ရောက်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကေအန်အယ်လ်အေ စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးချုပ်ဆာထူးဝေါ်က ခေတ်ပြိုင်သို့ပြောသည်။

ဘယ်လမ်းရွေးရွေး ပြေးမလွှတ်

KIC မှ...

အယ်ဒီတာ့အာဘော်

ယခုအချိန်ထိ တိတိကျကျ၊ ရှင်းရှင်းလင်းလင်း ဖြစ်မလာသေးသည့် ကရင်ပြည်နယ်မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းမှုသည် လူထုအတွက် စိတ်ဝင်စားမှု လုံးလုံးလျားလျား မရှိ။ သို့သော် ဇူလိုင်လနောက်ပိုင်းအတွင်း ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ် ခမ်းမွှေး) ဦးဆောင်သည့် အင်အား ၁၂၀၀ကျော်ရှိ တပ်မဟာ(၅)သည် စစ်အုပ်စု၏ နယ်ခြားစောင့်တပ်ကို လက်မခံသည့်အသံ များ ၎င်း၏အသိုင်းအ၀ိုင်းမှပင် ကြားသိခဲ့ရသည်။ ထိုအဖွဲ့သည် ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်း၏ ဖိအားပေး ဆွေးနွေးမှုကိုလည်း လက်မခံ၊ နအဖ စစ်အုပ်စု၏ ဆင့်ခေါ်မှုကိုပါ ငြင်းဆန်ခဲ့သည်။ မိမိတို့အနေဖြင့် နယ်ခြားစောင့်လည်း အသွင်မပြောင်း၊ ကေအဲန်ယူနှင့်လည်း မပူးပေါင်းဟု ခံယူရပ်တည်ကြသူများအဖြစ်လည်း တဆင့်စကား ကြားရပြန်သည်။

ဤအခြေအနေတွင် နအဖ စစ်တပ်၏ ခြိမ်းခြောက်မှု တစုံတရာကြောင့် ၎င်းတို့အနေဖြင့် မိမိတို့ထိန်းချုပ်ရာဒေသမှ ကျေးရွာသူ ရွာသားများကို ချပြရှင်းလင်းခဲ့ပြီး လိုအပ်ပါက တိုက်ပွဲမဖြစ်ခင် ကြိုတင်ရှောင်တိမ်းမှုများ လုပ်ဆောင်ရန် ဆော်သြထားသည့်အ လျောက် ဇူလိုင်လ ၂၅ရက်နေ့ကလည်း ရွာသား ၉၀၀ကျော် ထိုင်းဘက်ကမ်းသို့ ထွက်ပြေးလာမှုတစ်ခု ဖြစ်ခဲ့သည်။

Tuesday, August 3, 2010

ရွေးကောက်ပွဲမတိုင်ခင် လူထုအတွင်း စစ်တပ်၏ စောင့်ကြည့်မှုခံရ

နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်နေရာ အတော်များများတွင် နအဖ စစ်အစိုးရတပ်များသည် လာမည့် ရွေးကောက်ပွဲမတိုင်ခင် ၎င်းတို့ထိန်းချုပ်မှု အောက်ရှိ လူထုများကို သွားလာလှုပ်ရှားမှုများကို ဇူလိုင်လဆန်းပိုင်းမှစ၍ နေ့စဉ် စောင့်ကြည့်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
သထုံ၊ တောင်ငူ၊ ညောင်လေးပင်နှင့် ဖာပွန်ခရိုင်များအတွင်း အခြေစိုက် လှုပ်ရှားနေသော နအဖ တပ်ဖွဲ့ဝင်များသည် ဒေသခံလူထု များ ၎င်းတို့၏ ကျေးရွာမှ အပြင်သို့ သွားလာခြင်းကို အမျိုးမျိုး ပိတ်ပင်တားဆီးကာ သွားလာနေသူများကို စစ်ဆေးမေးမြန်းခြင်း၊ အိမ်ထောင်စုစာရင်း၊ မိဘအမည် စာရင်းမှတ်ယူခြင်း၊ ငွေကြေးတောင်းခံခြင်းများကို ယခုလဆန်းကတည်းက စတင် လုပ်ဆောင် လာသည်ဟု သိရသည်။

နယ်ခြားစောင့်တပ် များထင်ထားသလိုဖြစ်မလာ

Burmatoday

သူခိုးဓားရိုးကမ်းသော အိန္ဒိယအစိုးရ

ခေတ်ပြိုင် မှ....

တိုင်းသူပြည်သားနှင့်ဆက်ဆံရာတွင် အလွန်တရာအကျင့်ယုတ်၍ ညစ်ပတ်စုတ်ပဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အပေါင်းပါ ကပ်ဖားစစ်ဗိုလ်များ ကျူးလွန်ထားသော ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရေးအတွက် ကော်မရှင်ဖွဲ့ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဖြစ်သူ တောမတ်စ်ကင်တားနားက ယခုနှစ်အစောပိုင်းက တင်ပြခဲ့သည်။ မြန်မာ့ကမ်းလွန်တွင် ဓာတ်ငွေ့တူး၍ နအဖရာဇ၀တ်ကောင်နှင့်ပေါင်းကာ စီးပွားရှာနေသော စွမ်းအင်ကုမ္ပဏီများသည်လည်း တာဝန်ရှိသည်ဟု ကင်တားနားက ထောက်ပြထားသည်။ ရွှေဓာတ်ငွေ့စီမံကိန်းတွင် အိန္ဒိယအစိုးရပိုင် ကုမ္ပဏီ (၂) ခုပါဝင်နေသည်။ သို့သော်လည်း ရွှေဓာတ်ငွေ့တွင်းကထွက်သော သဘာဝဓာတ်ငွေ့ကို တရုတ်ကို အရင်ဆုံးရောင်းရန် ဗိုလ်သန်းရွှေက ဆုံးဖြတ်၏။ ဗိုလ်သန်းရွှေညစ်ပတ်သည်ကို အိန္ဒိယက ခံလိုက်ရခြင်းဖြစ်သည်။