Pages

Tuesday, October 11, 2011

“စစ်အစိုးရတဖြစ်လဲ ကြံ့ဖွံ့အစိုးရရဲ့ ဇောက်နက်တဲ့ စကောနဲ့ကျွန်ုပ်တို့၏..”

ပထမဆုံးပြောချင်တာက အခုပြည်တွင်းကနိုင်ငံရေးပါတီတချို့ပါတီ တာဝန်ရှိပုဂ္ဂိုလ်တချို့နဲ့ ပြည်ပက နိုင်ငံရေးဝေဖန်သုံး သပ်သူ၊ နိုင်ငံရေးပါတီတာဝန်ရှိသူ တချို့(ပြည်ပမှာတော့ အတော်နည်းပါသေးတယ်) က အရပ်သားအစိုးရသစ်နဲ့ နိုင်ငံ တော်သမတကြီး၊ တချို့ဆို ဒီမိုကရေစီအစိုးရလို့တောင် ခေါ်ဝေါ်သုံးစွဲ ပြောဆိုလာတာ ကြားနေရပါတယ်။ စစ်အစိုးရက ပြည်သူလူထုတွေ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီးဒဏ်ကြောင့် အတိဒုက္ခ အကြီးအကျယ်ရောက်နေတဲ့အချိန်မှာ အတင်းအ တည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာအချက်တွေ ထည့်သွင်းရေးဆွဲထားတယ်ဆိုတာ နိုင်ငံရေး စိတ်ဝင်စားသူတွေအားလုံး သိကြပြီးဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့တဲ့၂၀၁၀ ရွေးကောက်ပွဲ ဆို တာမှာလည်း စစ်အစိုးရက လွှတ်တော်ထဲမှာစစ်တပ် အမတ် ၂၅% နဲ့တင်မခိုင်မှာစိုးတဲ့အတွက် သူတို့လက်ကိုင်ဒုတ် ကြံ့ ဖွံ့ပါတီအမတ်တွေ အနိုင်ရအောင်ဘယ်လို မတရားလုပ်ခဲ့တယ်ဆိုတာကိုလည်း မြင်သာထင်ရှားတွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ အနိုင်ရပါတယ်ဆိုပြီး စစ်ယူနီဖောင်းချွတ် အရပ်ဝတ်လဲဝတ်ပြီး ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်၊ မှူးချုပ်။ မှူး ကြီးတဖြစ်လဲ ခေါင်းပေါင်းစွပ် သမတနဲ့ဝန်ကြီးတွေဟာ အစိုးရအဖွဲ့ထဲမှာ ဘယ်လောက်ပါနေတယ်၊ နေရာယူထားတယ် ဆိုတာလည်း စာရင်းအတိအကျ ဖော်ပြထားခဲ့ပြီးဖြစ်ပါတယ်။ အစိုးရအဖွဲ့မှာ သမတ က အစ သမတရုံးဝန်ကြီးအထိ ၀န် ကြီးဌာန ၃၃ ခုမှာ စစ်ဗိုလ်ချုပ်တွေ က ၂၈ ယောက် ပါဝင်နေရာယူထားပါတယ်။
ပထမဆုံးပြောချင်တာက အခုပြည်တွင်းကနိုင်ငံရေးပါတီတချို့ပါတီ တာဝန်ရှိပုဂ္ဂိုလ်တချို့နဲ့ ပြည်ပက နိုင်ငံရေးဝေဖန်သုံး သပ်သူ၊ နိုင်ငံရေးပါတီတာဝန်ရှိသူ တချို့(ပြည်ပမှာတော့ အတော်နည်းပါသေးတယ်) က အရပ်သားအစိုးရသစ်နဲ့ နိုင်ငံ တော်သမတကြီး၊ တချို့ဆို ဒီမိုကရေစီအစိုးရလို့တောင် ခေါ်ဝေါ်သုံးစွဲ ပြောဆိုလာတာ ကြားနေရပါတယ်။ စစ်အစိုးရက ပြည်သူလူထုတွေ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီးဒဏ်ကြောင့် အတိဒုက္ခ အကြီးအကျယ်ရောက်နေတဲ့အချိန်မှာ အတင်းအ တည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာအချက်တွေ ထည့်သွင်းရေးဆွဲထားတယ်ဆိုတာ နိုင်ငံရေး စိတ်ဝင်စားသူတွေအားလုံး သိကြပြီးဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့တဲ့၂၀၁၀ ရွေးကောက်ပွဲ ဆို တာမှာလည်း စစ်အစိုးရက လွှတ်တော်ထဲမှာစစ်တပ် အမတ် ၂၅% နဲ့တင်မခိုင်မှာစိုးတဲ့အတွက် သူတို့လက်ကိုင်ဒုတ် ကြံ့ ဖွံ့ပါတီအမတ်တွေ အနိုင်ရအောင်ဘယ်လို မတရားလုပ်ခဲ့တယ်ဆိုတာကိုလည်း မြင်သာထင်ရှားတွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ အနိုင်ရပါတယ်ဆိုပြီး စစ်ယူနီဖောင်းချွတ် အရပ်ဝတ်လဲဝတ်ပြီး ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်၊ မှူးချုပ်။ မှူး ကြီးတဖြစ်လဲ ခေါင်းပေါင်းစွပ် သမတနဲ့ဝန်ကြီးတွေဟာ အစိုးရအဖွဲ့ထဲမှာ ဘယ်လောက်ပါနေတယ်၊ နေရာယူထားတယ် ဆိုတာလည်း စာရင်းအတိအကျ ဖော်ပြထားခဲ့ပြီးဖြစ်ပါတယ်။ အစိုးရအဖွဲ့မှာ သမတ က အစ သမတရုံးဝန်ကြီးအထိ ၀န် ကြီးဌာန ၃၃ ခုမှာ စစ်ဗိုလ်ချုပ်တွေ က ၂၈ ယောက် ပါဝင်နေရာယူထားပါတယ်။
တက်လာပြီးကတည်းက ပြည်သူလူထုတွေ မျှော်လင့်တောင့်တနေတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို စတိသဘော လောက်နဲ့ အရပ်ရပ်ကြားလို့မှမသင့်တော်တဲ့ တနှစ်ပြစ်ဒဏ်လျှော့ပေါ့တဲ့ အမိန့်ပဲထုတ်ပေးခဲ့တာ၊ နယ်စပ်ဒေသတ လျှောက်မှာ ပြန်တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီးကို ရပ်စဲပစ်လို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ရနိုင်ရဲ့နဲ့ မရပ်ဆိုင်းဘဲ အပြတ်ခြေမှုန်းရေးလုပ်ဖို့ ရာဇသံပေးကြိုးစားခဲ့တာ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို တပြိုင်နက်ထဲ စစ် မျက်နှာမဖွင့်နိုင်လို့ တချို့ကိုခွဲခြားပြီး နိုင်ငံရေးအရမဟုတ်ဘဲ အပစ်ရပ်ယာယီငြိမ်းချမ်းရေးယူပြီး ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ခြေမှုန်းရေးအတွက် အပြင်းအထန်ကြိုးစားနေတာတွေကို ထင်ထင်ရှားရှားတွေ့ နေရပါ တယ်။
ပြည်သူလူထုတွေရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ဒီမိုကရေစီ ပါတီတချို့က လွှတ်တော်ကိုယ်စလှယ် တချို့က ပြည်သူ လူထုတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို လိုက်လျှောခွင့်ပြုပေးဖို့ တင်ပြလာတဲ့အဆိုတွေဖြစ်တဲ့ စာနယ်ဇင်းလွတ် လပ်ခွင့်ကိစ္စ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေကို နှိပ်ကွပ်ရေးအတွက် အသုံးပြုနေတဲ့ ၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှု ဥပ ဒေ ပုဒ်မ ၅ဃ၊ ၅ည နဲ့ ဆက်နွယ်ပုဒ်မတွေကို ဖျက်သိမ်းပေးဖို့ကိစ္စ၊ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂတွေ တရား ၀င် ထူထောင်ခွင့်ပေးဖို့ ကိစ္စတွေကိုဘာတခုမှ လိုက်လျှောခွင့်ပြုခဲ့တာ မရှိပါဘူး။ ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းတွေကိုပယ်ဖျက်ပစ်ဖို့ တောင်းဆိုတာကို ၀န်ကြီးဆိုသူက မောက်မောက်မာမာ ပြည်သူ့ဆန္ဒကို မလေးမစားတုန့် ပြန်ခဲ့တာ။ (နောက်ပိုင်း ပြည်သူလူထုက အုံကြွလာနိုင်တာကို တွေ့လာလို့ မတတ်သာလို့ ရပ်ဆိုင်းပေးပါမယ်လို့ ပြောလာ တာပါ။) လယ်သမားတွေရဲ့ လယ်ယာမြေတွေကို စစ်တပ်က သိမ်းယူတဲ့ကိစ္စတွေဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆိုသူက ပြည်သူလူထုကို မထေမဲ့မြင် တုန့်ပြန်ဖြေကြားခဲ့တာတေ၊ွ ဒီကနေ့ထိ စစ်တပ်နဲ့ သူ့လက်ဝေခံ ကုမ္ပဏီတွေက ပြည်သူလူထုရဲ့မြေယာတွေ၊ အိမ်ခြံမြေတွေ၊ လူနေရပ်ရွာ နေရာတွေကို ဖယ်ရှားခိုင်းနေတာ၊ သိမ်းယူဖို့ ကြိုးစားနေတာ၊ ငြင်းဆန်ကန့်ကွက်တဲ့သူတွေကို ရဲနဲ့ပေါင်းပြီး မတရားဖမ်းဆီးချုပ်နှောင် ထောင်ချနေတာတွေဟာ ကြံ့ဖွံ့ အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်မယ့် လက္ခဏာတွေပါလား။
ပြုပြင်ပြောင်းလဲမှုတွေ တွေ့နေရပါပြီ။ဦး(ဗိုလ်)သိန်းစိန်အစိုးရဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲရေးလုပ်ချင်ပါတယ်။ ပြည် သူ လူထုရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့စေတနာရှိပါတယ်လို့ တစာစာ ကိုယ်စားပြုပြောဆိုနေကြသူတွေက တ ကယ်ပဲ ယုံကြည်နေကြပါသလား။ တွေ့ဆုံဆွေးနွေးအဖြေရှာရာမှာ ကိုယ်ကချည်း လိုချင်လို့မရဘူး ပေးသင့်တာတွေကို လည်းပေးရမယ်လို့ ယုံကြည်သူတွေ၊ ပြောနေသူတွေ အနေနဲ့အရေခွံလဲ စစ်အစိုးရ ရုပ်သေးအစိုးရက ပြည်သူလူထုတွေ လိုလားတောင့်တ တောင်းဆိုနေကြတာတွေကို ဘာတွေများ ပေးခဲ့ပြီးသွားပါပြီလဲ။ ပြည်သူလူထုဘက်ကရော ဘာတွေ များ ထပ်ပေးစရာရှိပါသေးသလဲ။ သူတို့လိုချင်တဲ့ အချက်တွေကိုသာ တခုပြီးတခု တောင်းဆိုနေတာကို တွေ့နေရပါတယ်။ ပြည်သူလူထုကတော့ ဘ၀တွေ အသက်သွေးချွေးတွေကတော့ ခုထိပေးနေရဆဲပါ။
အရေခွံလဲအစိုးရဟာ သူတို့အာဏာဆက်တည်မြဲရေးအတွက် မပြောင်းမဖြစ်ပြောင်းပေးရမယ့် အရာတချို့ကိုပဲ ပြောင်း ပေးနေတာပါ။ ခုဘယ်အကြောင်းပဲပြောပြော ဥပဒေနဲ့အညီဖြစ်ဖို့ ဥပဒေဘောင်အတွင်းကဖြစ်ဖို့ တွင်တွင်ပြောနေတာ ကြားနေရပါတယ်။ ဘယ်ဥပဒေပါလဲ ၂၀၀၈ စစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ။ အားလုံးကို ၂၀၀၈ ဖွဲ့စည်းပုံအောက် ၀င် ရောက်ရေး ဆွဲသွင်းနေတာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးချင်ဆွေးနွေး။ ပါတီမှတ်ပုံတင်ရေး လုပ်ချင်လုပ်ချင်၊ ပြည်သူလူထု ရဲ့ ရပိုင်ခွင့် အခွင့်အရေးဘယ်အခွင့်အရေးကိုပဲ လိုချင်လိုချင် ၂၀၀ဂ ဖွဲ့စည်းပုံရဲ့ ဘောင်အတွင်းကသာ သွားကြရပါလိမ့် မယ်။၂၀၀၈ ခုစစ်ဖွဲ့စည်းပုံဟာ နိုင်ငံတကာ ဒီမိုကရေစီ စံနှုန်းတွေ၊ အခြေခံမူတွေနဲ့ မကိုက်ညီလို့က်မခံနိုင်ပါဘူးလို့ ငြင်း ဆိုခဲ့ကြသူတွေအနေနဲ့ အခုကိုက်ညီသွားပြီလို့ ယုံကြည်ကြလို့ တူညီတာတွေတွဲလုပ်ကြဖို့၊ ကိုယ့်တာဝန်ကိုယ် ထမ်း ဆောင်ပေးကြဖို့ ပြည်သူလူထုကို ပြောနေတာပါလား။ စဉ်းစားကြစေချင်ပါတယ်။ အကုန်လုံးတော့ မရနိုင်သေးဘူး ရသ လောက်ပဲ အရင်ယူသင့်တယ်လို့ ယုံကြည်ကြရင်လည်း စကတည်းက ဘာဖြစ်လို့ လက်မခံခဲ့ကြတာပါလဲ။ ခုမှ တပ်မ တော်ရဲ့ သဘောထားမှန် စေတနာမှန်ကို သိလာကြတာပါလား။ အချိန်တွေက နှမျောစရာကောင်းပါတယ်။
ရဟန်းရှင်လူ ပြည်သူလူထုကြီးတရပ်လုံးရဲ့ စိတ်ဆန္ဒကိုဖော်ထုတ်ပြသကြတာကို စစ်အာဏာရှင်အစိုးရက ရက်ရက်စက် စက် အကြမ်းဖက်နှိမ်နှင်းလို့ပေါ်ပေါက်လာတဲ့ အောင့်မေ့ဖွယ် ဂုဏ်ပြုဖွယ်ရာနေ့တွေ အခန်းအနားတွေ၊ လှုပ်ရှားမှုတွေ လုပ်ကြရင် စစ်အစိုးရငြိုငြင်ပြီး တွေ့ဆုံဆွေးနွေးရေးတွေ နှောင့်နှေးသွားနိုင်တယ်။ မေ့လိုက်ကြပါ။ မလုပ်သင့်ပါဘူးလို့ ပြောသူတွေတောင်ရှိလာတာ တွေ့မြင်လာရပါပြီ။ အဲဒီနေ့တွေဟာ တကယ်မဖြစ်ခဲ့တဲ့နေ့တွေပါလား။ မေ့မေ့ပျောက် ပျောက်လုပ်ပစ်သင့်တဲ့နေ့တွေပါလား။ ပြည်သူလူထုဘက်က မှားခဲ့ကြတာပါလား။ မှန်ကန်ခဲ့လို့ သတိရကြဖို့ ဂုဏ်ပြုကြ ဖို့ကြိုးစားကြသူတွေက သူတို့ဆန္ဒကို ငြိမ်းငြိမ်းချမ်းချမ်း ထုတ်ဖော်ပြသကြလို့ အရေခွံလဲအစိုးရက တွေကဆုံဆွေးနွေး အဖြေရှာရေး၊ ငြိမ်းချမ်းရေးတွေ မလုပ်တော့ဘူးဆိုရင်ရော အဲဒီအစိုးရရဲ့စိတ်စေတနာက ဘာပါလဲ။ အဲဒီလိုမဖြစ်ရအောင် ပြည်သူလူထုကသူတို့ရဲ့ဆန္ဒတွေကိုဖော်ထုတ်ပြသတာမျိုးမလုပ်ပဲ အရေခွံလဲအစိုးရက သူ့စိတ်ဆန္ဒ ရှိလာတဲ့အချိန်မှာ လုပ်ပေးလာတဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာတွေကို ငြိမ်ငြိမ်လေး ထိုင်စောင့်ကြရမှာပါလား။
စစ်အစိုးရရဲ့ လူမဆံတဲ့အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ ရဲ့ဘ၀ကို စဉ်းစားကြည့်စေချင်ပါတယ်။ သူတို့တွေ ဟိုတယ်မှာ တည်းခိုနေထိုင်နေကြရတာ မဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ ဖိစီးနှိပ်စက်မှုမျိုးစုံ၊ မတရားမှုမျိုးစုံကို အနက်ရှိုင်းဆုံးဆင်းရဲတွင်းထဲမှာ ခံစားနေရတဲ့ပြည်သူတွေဟာ ဇိမ်ခံအိမ်ကြီးတွေမှာ နေထိုင်နေကြ၊ စားကောင်းသောက်ဖွယ်တွေကို စားနေကြရတာ မဟုတ်ပါဘူးဆိုတာ အားလုံးသိကြပါတယ်။ သူတို့အ တွက် အချိန်ဟာ သေရေးရှင်ရေးပါ။ စစ်အစိုးရက သူတို့ အာဏာတည်မြဲရေးတည်ဆောက်ရာမှာ နည်းပရိရာယ်ပေါင်းစုံ သုံးနေပါတယ်။ သူတို့အာဏာတည်မြဲရေးအတွက် ပြည်သူလူထုနဲ့ နိုင်ငံတကာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားမယ် ဆိုတာကို မဟာဗျူဟာ စနစ်တကျချထားပြီး ဖြစ်ပါတယ်။

ခုအရေခွံလဲအစိုးရ ပြောဆိုလုပ်ကိုင်ဆောင်ရွက်နေတာတွေဟာ သူတို့ကိုင်စွဲ ချမှတ်ထားတဲ့ မူအတိုင်းပါ။ တချို့အခြေနေ တွေမှာ မီးစင်ကြည့်ကတဲ့ နည်းပရိယာယ်ကို သုံးခဲ့သလို အချိန်ဆွဲပြီး ဒီမိုကရေစီ အင်အားစုတွေကို အားနည်းပြန့်ကျဲ သွားစေတဲ့နည်း တွေကိုသုံးနေပါတယ်။ ဒါပေမယ့် အများစုကတော့ သူတို့ချမှတ်ထားတဲ့ မဟာဗျူဟာအတိုင်း၊ မူအတိုင်း ပါ။

ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေ၊ စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေကြတဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့ ပြည် သူလူထုကြီးတရပ်လုံး တော်လှန်ရေးသတိ အမြဲရှိကြဖို့ လိုအပ်ပါလိမ့်မယ်။ စစ်အစိုးရ ခြောက်တိုင်းမကြောက်၊ ချော့တိုင်း မပျော့ကြဖို့၊ ဖောက်ပြန်ရေးသမား လူထုသစ္စာဖောက်တွေကို သတိထား ဖယ်ရှားရှင်းလင်းပစ်ပြီး မိမိတို့လိုလားတဲ့ ဒီမိုက ရေစီရေး လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတွေရရှိဖို့ သုံးစွဲလို့ရနိုင်သမျှ တော်လှန်ရေးနည်းနာအားလုံးကို ကိုယ်အားသန် ယုံ ကြည်ရာ နည်းလမ်းအရ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ စစ်အစိုးရကို ဆန့်ကျင်တွန်းလှန်ကြဖို့ ပါပဲ။

စိုးနေလင်း