Pages

Tuesday, June 29, 2010

I know who holds tomorrow

Clay Aiken သီဆိုထားတဲ့ဒီသီချင်းလေးနဲ့ မနက်ဖြန်အတွက်စိတ်ပျက်အားလျော့နေတဲ့သူများး ခွန်အားယူဖို့အတွက် ရည်ရွယ်ပြီး တင်ဆက်လိုက်ပါတယ်.............

စာရင်းလိမ် စီးပွားရေးစနစ်

အောင်ကျော်ခင် (ခေတ်ပြိုင်)
မြန်မာစစ်အစိုးရရဲ့ ဆိုရှယ်လစ်စီးပွားရေးနဲ့ ဈေးကွက်စီးပွားရေးဟာ စာရင်းလိမ်ပြတဲ့နေရာမှာ တူတယ်။ အထက်ကအာဏာပိုင်ကို အမြဲတမ်းကြောက်ရတဲ့စနစ်မှာ အထက်လူကြီးကျေနပ်အောင် စာရင်းလိမ်ပြတာဟာ ဓလေ့ထုံးစံလို ဖြစ်နေပြီ။ ကျေးလက်ကိုဆင်းပြီး စာတမ်းကောက်ရင်လည်း အချက်အလက်ကို အမှန်အတိုင်း မှတ်တမ်းမတင်ဘဲ အထက်လူကြီးကြိုက်အောင် ရေးကြတယ်။ ဒါကြောင့် စစ်အစိုးရ စာရင်းအင်းဌာနက အချက်အလက်တွေဟာ မမှန်ဘူးလို့ ၀ါရင့်အရာထမ်းတဦးက ပြောဖူးတယ်။

အာဏာရှင်နေ၀င်းအကြိုက်လိုက်ပြီး အောက်ခြေက စာရင်းလိမ်ပြတယ်။ စာရင်းလိမ်ပြရင်း ၁၉၈၇ မှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားတယ်။ အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရရင် နိုင်ငံခြားအကြွေးမှာ အတိုးဆပ်စရာမလိုတဲ့အတွက် အဆင်းရဲဆုံး နိုင်ငံအဖြစ် သတ်မှတ်ပေးဖို့ မဆလစစ်အစိုးရက ကုလသမဂ္ဂမှာ လျှောက်ထားတယ်။ အဆင်းရဲဆုံးစာရင်းဝင်ဖြစ်ဖို့ လိုအပ်တဲ့ အချက်တွေထဲမှာ စာတတ်သူ လူကြီးဦးရေ နည်းဖို့လိုတယ်။ ဘုန်းကြီးကျောင်းပညာရေးကြောင့် မြန်မာပြည်မှာ စာတတ်သူများတော့ အဆင်းရဲဆုံးနိုင်ငံ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် စာရင်းလိမ်ဝိဇ္ဇာ မဆလစစ်အစိုးရက စာတတ်သူ အလွန်နည်းကြောင်း စာရင်းလိမ်ပြနိုင်တဲ့အတွက် အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်သွားတယ်။

ဘုရားသုံးဆူမြို့တွင် တရားမ၀င် လောင်းကစားဝိုင်းမျိုးစုံ သောင်းကျန်းနေ

စောသိန်းမြင့်(ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့၌ ယခုအချိန်တွင် တရားမ၀င် လောင်းကစား  
ဝိုင်းများ အဆမတန် များပြားလာနေသည်ဟု မြို့ခံများက ပြောဆိုကြသည်။

မြို့ခံတစ်ဦးက “အခု ကျနော်တို့ ဘုရားသုံးဆူမြို့မှာ ပန်းသီးပုံး၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ နီတောင် စတဲ့လောင်းကစား မျိုးစုံ သောင်းကျန်းနေပါတယ်။ အထူးသဖြင့် ထိုင်းကလာတဲ့ ပန်းသီးပုံး လောင်းကစားမျိုးဆိုရင် လူကြီးတွေမက ဆယ်နှစ်သား ကလေးလေးတောင် ကစားတတ်တယ်။ အဲဒီကစားမျိုးဟာ လူတွေကို တော်တော်ဆွဲဆောင်နိုင် တယ်။ ကစားစရာ ဂိမ်းလိုပဲ ပိုက်ဆံအကြွေစေ့လေးတွေ ထည့်ပြီး ကစားလို့ရတော့ ကျောင်းသားလေးတွေက မုန့်ဖိုးအစား လောင်းကစားပုံးထဲမှာ သွားထည့်ကြတာပေါ့” ဟု ပြောသည်။

Saturday, June 26, 2010

Sunday, June 20, 2010

ဒုက္ခသည်များအတွက် “နေအိမ်”

မနိုက်အွာ (ကေအိုင်စီ)


“ဘယ်သူမဆို လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ်၊ ကိုယ့်အိမ်ကိုယ့်ခြံနဲ့ နေထိုင်ချင်ကြတာ ချည်းပဲ။ ဒါပေမဲ့ ကျမတို့ တိုင်းပြည်အတွင်း ဖြစ်တည်နေတဲ့ အခြေအနေကြောင့် ဒုက္ခသည်ဘ၀ဖြစ်လာရတာကို အပြစ်တခု မဟုတ်ပေ မဲ့ စိတ်မကောင်းဖြစ်မိတယ်”ဟု ထိုင်း-မြန်မာနယ်စပ်အတွင်း ရောက်ရှိခိုလှုံနေကြရသည့် ဒုက္ခသည်အမျိုးသမီးတဦးက ပြောဆိုခြင်း ဖြစ်သည်။
ယခု ဇွန်လ ၂၀ရက်နေ့သည် ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugees Day)ဖြစ်သည်။ ထိုနေ့ရောက်တိုင်း ကမ္ဘာတ၀ှမ်းက အခမ်း အနားများ ကျင်းပပြုလုပ်လျှက်ရှိသလို ယခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများ၌လည်း ဇွန်လ ၁၈ရက်နေ့ က ကမ္ဘာ့ဒုက္ခသည်များနေ့ကို ကြိုတင် ကျင်းပခဲ့ကြသည်။

ချစ်တဲ့ဖခင်များသို့.................

Saturday, June 12, 2010

လေးလံတဲ့ စစ်တပ်ရိက္ခာတွေကို အဓမ္မ ထမ်းပို့ခဲ့ရတယ်

ကန္တာရ၀တီတိုင်း(မ်)
ရေးသားသူ - နှောင်းလှိုင်

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ပေါ်တာထမ်း စေခိုင်းမှုများကို စစ်တပ်များက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာပါ။ ကျား၊ မ မရွေး၊ အသက်အရွယ် မရွေး အဓမ္မ စေခိုင်းတဲ့ အလေ့အထက အတော်ကြာခဲ့ပါပြီ။

နှစ်ပေါင်း ၄၀ ကျော်အတွင်း ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ အသက် ၆၂ နှစ် အရွယ် နော်သားခုဟာ ၂၀၀၉ ခုနှစ်အတွင်းမှာ မြန်မာစစ်သားတွေရဲ့ အဓမ္မ စေခိုင်းမှုနဲ့ စစ်တပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ ဆီ စတဲ့ အလေးအပင်တွေကို အသက်အရွယ်နဲ့ မမျှအောင် သူတို့ တပ်စခန်းတွေရှိရာ နေရာတွေအထိ သယ်ပို့ပေးခဲ့ရပါတယ်။

ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ မော်ချီးရွာ အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၇၂ က မြန်မာစစ်တပ်တွေက နှစ်စဉ်၊ နှစ်တိုင်း သူတို့ရဲ့ ရိက္ခာတွေကို ထမ်းပို့ဖို့ ဒေသခံ တွေရဲ့ ဆန္ဒမပါပဲ တနေကုန် အဓမ္မ စေခိုင်းခဲ့တယ်လို့ သူမက အခုလို ပြောပြပါတယ်။

Friday, June 11, 2010

မညီမျှခြင်း

မိတ်ဆွေတစ်ဦးဆီက ရလိုက်တဲ့ e-mail ထဲက ချုပ်ကြီးရဲ့နေအိမ်ဓာတ်ပုံများကို ဝေမျှလိုက်ပါတယ်။

Thursday, June 10, 2010

ဒီနေရာကို ဘုရားသခင် စွန့်သွားတာ အတော်ကြာခဲ့ပေါ့

မိုးမခ မှကူးယူထားသည်။ (ယောဟန်အောင်)


ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့၊
အဲဒီအချိန်ကစလို့
တောမီးတွေလောင်၊ တောင်ယာတွေဖျက်ခံရတယ်။
မိုးခေါင်ရေရှားတယ်။
ဂရုတစိုက်ထားတဲ့ စပါးတွေပိုးကျတယ်၊
အလေ့ကျပေါက်တဲ့ ကြက်ဆူပင်တွေစိုက်ရတယ်၊
လူအချင်းချင်းသတ်ကြ၊ ကျွန်ပြုကြ၊ လူက လူကိုရောင်းကြ
ငတ်မွတ်ခေါင်းပါး
ဖျားနာရောဂါနဲ့ ကာလနာတိုက်တယ်၊
သေလိုက်ကြတာလည်း မနည်းဘူး။

KHRG June 2010 Report

Khrg Report-June 2010

Monday, June 7, 2010

အတောင်မစုံမီ ပျံသန်းနေကြတဲ့ ငှက်ငယ်များ

ဆောင်းပါး - Khonumthung News Group
ရေးသားသူ - စစ်မုန်းလူ

သူမအသက်အရွယ်ကိုကြည့်မယ်ဆိုရင် မိဘရဲ့ အရိပ်အောက်မှာ ငြိမ်းချမ်းစွာ နားခိုပြီး သူငယ်ချင်းတွေနဲ့အတူ စာသင်ကျောင်းမှာ ကျောင်းစာ သင်ကြားရမယ့် အရွယ် လေးပါ။ ဒါပေမဲ့ အသက်ရွယ်နဲ့ မလိုက်အောင် သူမရုပ်ရည်ကတော့ နေထိပန်းတပွင့်လို စိုပြေခြင်းမရှိ၊ ပင်လယ်ပြင်ကျယ်ကို လက်ပစ်ကူးလို့ ခြေကုန်လက်ပန်းကျ နွမ်းလျနေဘိသကဲ့သို့ ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ကတည်းက အိန္ဒိယ-မြန်မာနယ်စပ်မြို့လေးဖြစ်တဲ့ အိုက်ဇောလ်မြို့ကို ရောက်ရှိလာခဲ့တဲ့ သူမဟာ မိသားစု စားဝတ်နေရေး အတွက် တလ အိန္ဒိယ ရူပီးငွေ ၁ဝဝဝ (မြန်မာငွေ ၂၅၀၀၀ ကျပ်) နဲ့ မိသားစု အိမ်တအိမ်မှာ အိမ်ဖော် အဖြစ် လုပ်ကိုင် နေသူတဦးပါ။