Pages

Monday, May 31, 2010

ထာဝရတည်စေ ကော်သူးလေ

အားလုံးပဲ ဒီ Video clip ကိုကြည့်ရှူ့နားဆင်ပြီး မျိုးချစ်စိတ်တွေ ရှင်သန်ပါစေ...........

Saturday, May 29, 2010

ဒီစစ်မီးကြောင့်.....

အရင်ဆုံး ဒီသီချင်းကိုuploadedလုပ်ခဲ့တဲ့မိတ်ဆွေကိုတောင်းပန်ပါတယ်...(ခွင့်ပြုချက်မတောင်းပဲယူသုံးမိတဲ့အတွက်ကို)...

ဒီသီချင်းရဲ့အကျဉ်းချုပ်အနက်အဓိပ္ပါယ်ကတော့....ဒီစစ်မီးတွေကြောင့် ကျွန်တော်တို့ ကရင်လူထုတွေခံစား ရင်ဆိုင်ကြုံ တွေ့ရတဲ့အကြောင်း.....ဒါတင်မကသေးဘူး...ဒီစစ်မီးရဲ့အဓိကတရားခံဟာ အာဏာမက်တဲ့ လူတစုဖြစ်တဲ့ နအဖတွေဖြစ် တဲ့အကြောင်း.....ကိုရေးဖွဲ့ထားတဲ့သီချင်းလေးဖြစ်ပါတယ်..............
ဒါကြောင့် ကရင်ညီအစ်ကိုမောင်နှမများအားလုံးသွေးစည်းညီညွတ်စွာနဲ့ ဒီစစ်အုပ်စုအာဏာပါးကွက် သားတွေကို တိုက်ခိုက်တွန်းလှန်ပြီး မတရားဖိနှိပ် ခံနေရတဲ့ ချစ်တဲ့တို့များရဲ့ကရင်လူမျိုးများအတွက် ဒီစစ်မီးလျှံတွေကြား ထဲကလွတ်မြောက်အောင် ရှိတဲ့နေရာမှာအကောင်းဆုံးပါဝင်ဖို့အတွက် ကျွန်တော်စောနောင်တ မှအထူးတိုက်တွန်းလိုက် ပါတယ်ဗျာ...........................

Friday, May 28, 2010

ရင်ဆိုင်တိုက်ပွဲ

တပ်မဟာ(၇) ဖားအံ့ခရိုင်။
- ၂၄.၅.၂၀၁၀နေ့ ၁၅း၀၀ DKBA 999 မောင်လာဝါးဦးဆောင်တဲ့အဖွဲ့နှင့် မိမိတို့KNU/KNLA အဖွဲ့နှင့် ၁၅မိနစ်ကြာတိုက်ပွဲ ထီးပယ်အရပ်မှာ ဖြစ်ပွားရာ DKBA မှ ၃ဦးသေ ၅ဦးဒဏ်ရာရ။
- ၂၅.၅.၂၀၁၀နေ့ DKBA 999 တပ်ရင်း(၇) မှ တပ်ကြပ်အဆင့်ရှိ ဒါးဘူး ၂၈နှစ်သည် မိခင် KNU/KNLAနှင့် ပြန်လည်ပေါင်းစည်းခဲ့။
- ထိုတရက်ထဲမှာဘဲ ၁၆း၀၀နာရီ အချိန်တွင် DKBA999 မှ ဖားတကီးဦးဆောင်ပြီး နအဖ တို့နှင့်အတူစုပေါင်းပြီး ထီးသဘလူထာနှင့် ဃောသူးခီးအရပ်မှာ လာရောက်တိုက်ခိုက်ခဲ့။ မိမိတို့ဘက်ထိခိုက်မှုမရှိခဲ့ပါ။


ကညောဖိုးဘလော့မှပြန်လည်ကူးယူထားသည်။

Thursday, May 27, 2010

တပ်မဟာ(၃) နှင့် တပ်မဟာ(၅) တို့၏နအဖတပ်ကိုဆုံးမမှုသတင်းအကျဉ်း

- တပ်မဟာ(၃) နှင့် နအဖတို့ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် နအဖဘက်မှ သေဆုံးသူနှင့်ဒဏ်ရာရ သူစုစုပေါင်း ၂၀ ယောက်နီးပါးရှိခဲ့သည်။

- မေလ၁ရက်နေ့မှစပြီး၂၀ရက်နေ့ထိ တပ်မဟာ၃၏တပ်ရင်း(၇)(၈)နှင့်(၉)တို့သည်ရန်သူနအဖနှင့်နေရာ (၅)နေရာတိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ (၈)ယောက်သေ၊ (၈)ယောက်ဒဏ်ရာရခဲ့သည်။
- မေလ ၂၀ရက်နေ့တွင် တပ်ရင်း(၇)နှင့်နအဖတို့ထီးဘလားအရပ်မှာ ၁၅မိနစ်ကြာတိုက်ပွဲဖြစ်ပွားရာ နအဖ ဘက်မှ ဗိုလ်ကြီး၁ဦး တပ်ကြပ်ကြီး၂ဦး တပ်ကြပ်၁ဦး နှင့်တပ်သား ၄ဦးသေဆုံးခဲ့သည်။ တပ်ရင်း(၇)မှ MA11 ၂လက် ကျည်ကတ်၃ကတ် ကျည်၂၅တောင့်ရရှိခဲ့သည်။

Wednesday, May 26, 2010

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

တပ်မဟာ(၂) တောင်ငူခရိုင်။
- ၂၃.၅.၂၀၁၀နေ့ ၁၁း၂၀နာရီ ထီးညာပယ်လိုအရပ်မှာ မိမိတို့လူ၏ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးဒဏ်ရာရ၊ ၂၄.၅.၂၀၁၀နေ့ ၁၆း၃၀နာရီ တွင် နောစိုးအရပ်ကူဂေါ်လူမှာ ပြောက်ကျားတိုက် ခိုက်မှု ကြောင့်ရန်သူ၁ဦးဒဏ်ရာရ။
- ထန်းတပင်မြို့နယ်၊ ဖြင်စလို ရှိ ရန်သူ စကခ(၇)တဖွဲ့သည် ၂၄.၅.၂၀၁၀နေ့တွင် ဖြင်စလိုရွာသားများ အား ဝါးအရှည်၁၀ပေရှိ အချောင်း၅၀ကို အတင်းအကြပ်ခုတ်ပြီးပို့ဆောင်ခိုင်းခဲ့။

Tuesday, May 25, 2010

မှောင်မိုက်တဲ့ညတွေ ချစ်တဲ့ကရင်လူမျိုးများအတွက်ကုန်လွန်သွားပါစေ..

ဒီသီချင်းလေးရဲ့အနှစ်ချုပ်ကတော့ စစ်ခွေးနအဖလက်ချက်ကြောင့် အပြစ်မဲ့တဲ့ကရင်လူထုများဒုက္ခအခက်အခဲများထဲက အမြန်လွတ်မြောက်ပါစေ လို့တောင်းဆုချွေဆန္ဒပြုတဲ့သီချင်းလေးဖြစ်ပါတယ်....အားလုံးပဲ မျှဝေခံစားနိုင်ပါစေလို့ ကျွန်တော် စောနောင်တ ဆန္ဒပြုရင်း...............

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- တပ်ရင်း(၇) ဆောထိမြို့နယ်၊ ၂၀.၅.၂၀၁၀နေ့၊ ထီးဘလားအရပ်တွင် KNU ၏စောင့်ပစ်မှုကြောင့် ရန်သူ ၇ ဦးသေ။ တိုက်ပွဲ၂ကြိမ်ဖြစ်ပွား၊ ၁၅မိနစ်ကြာခဲ့။ သေဆုံးသူထဲတွင် ဗိုလ်ကြီး၁ဦး တပ်ကြပ်ကြီး၂ဦး တပ်ကြပ်၁ဦး တပ်သား၃ဦး တို့ဖြစ်သည်။ KNU မှ MA11၂လက် ကျည်ကပ်၂ခု ကျည်ဆံ၁၅တောင့် ရရှိခဲ့၊ KNU ဘက်မှထိခိုက်မှု မရှိ။
- တပ်ရင်း(၈) မုံးမြို့နယ်၊ ၁၁.၅.၂၀၁၀နေ့တွင် မောင်ရင်သာအရပ်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ ၁ဦး သေ ၁ဦးဒဏ်ရာရ၊ KNU ဘက်မှထိခိုက်မှု မရှိ။
- ၁၃.၅.၂၀၁၀နေ့တွင် ရန်သူသည် မိမိတို့ပြောက်ကျားအဖွဲ့၂နှင့် ၃ကြိမ်ရင်ဆိုင်တိုက်ပွဲ ပဟီပယ်ခိုအ ရပ်တွင်ဖြစ်ပွားရာ ရန်သူ၃ဦးဒဏ်ရာရ။ ၁၄.၅.၂၀၁၀နေ့ မှာထိုအရပ်မှာပဲထပ်ပြီး၁ကြိမ်တိုက်ပွဲဖြစ်ရာ ရန်သူ၁ဦးဒဏ်ရာရ။
- တပ်ရင်း(၉) မြို့နယ်၊ ၁.၅.၂၀၁၀နေ့ဃဲဒဲအရပ်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ၃ဦးဒဏ်ရာရ။

Monday, May 24, 2010

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

တပ်မဟာ(၆) ဒူးပလာယာခရိုင်။

၁၅.၅.၂၀၁၀ နေ့၁၃း၂၀နာရီ တွင် KNU တပ်ရင်း(၁၈) တပ်ခွဲ(၄) သည် ရန်သူ ခလရ(၁၀၆) စစ်ကြောင်း (၁) ကို ယော်ဂူနီ၏လယ်ကွင်းပြင်တွင်စောင့်ပစ်ရာ တိုက်ပွဲ၃မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ရန်သူ၏ထိခိုက်မှုကိုမသိရ။
၁၆.၅.၂၀၁၀ နေ့၁၇း၃၀ နာရီ တွင်အထက်ကKNUအဖွဲ့သည် ထီးပျက်ကလိုကားလမ်းတွင်ထပ်ပြီးစောင့်ပစ်ရာ ရန်သူ ၂ဦးသေ ၁ဦးဒဏ်ရာရ။ မိမိတို့ဘက်ထိခိုက်မှုမရှိ။
၁၂.၅.၂၀၁၀နေ့၁၆း၃၀နာရီ တွင် DKBA ၉၀၇ မှ ကော်ခိုဟဲသည် KNUတပ်ရင်း(၁၈)တပ်ခွဲ(၃) သို့ ၉မမ တလက်၊ စကားပြောစက်အသေးတလုံးနှင့်အတူပြန်လည်ခိုလှုံဝင်ရောက်လာခဲ့သည်။

Saturday, May 15, 2010

အမေများရှိတဲ့ ဒီကမ္ဘာ အေးချမ်းသာယာ

ဆောင်းပါး - BNI

ရေးသားသူ - ဖနိဒါ။ ဆိုင်ချိုဖ
“အမေတွေ ရှိနေတဲ့ ကာလပတ်လုံး၊ ကမ္ဘာပေါ်မှာ မိခင်တွေ ရှိနေတဲ့ကာလပတ်လုံး၊ ကမ္ဘာကြီးဟာ လှပစိုပြေပြီး အေးချမ်းသာယာနေမှာဘဲလို့ ပြောချင်ပါတယ်” ဟု မြန်မာ့စာနယ်ဇင်းလောကတွင် နာမည်ကျော်ကြား လူသိများသည့် စာရေးဆရာမောင်စိမ်းနီက မိခင်များနေ့ အမှတ်တရ စကားဦးသန်း ပြောဆိုလိုက်သည်။

အသက် ၁၅ နှစ်အရွယ်မှာပင် မွေးမိခင်ဖြစ်သူ ဆုံးပါးသွားခဲ့သော်လည်း ယနေ့ထိတိုင် ကမ္ဘာပေါ်တွင် အမေများရှိနေသည့်အပေါ် ဘယ်သောအခါမှ မသေသည့်အမေများသာ ဖြစ်ကြောင်း အားရကျေနပ်၊ ပီတိအပြည့်ဖြင့် ယခုလို ဆက်လက်ပြောဆိုသည်။

Sunday, May 9, 2010

အမေ

အမေ့ရဲ့မေတ္တာ...ဂရုဏာ...အနစ်နာ...စေတနာ...
အကြင်နာ...ဝေဒနာ...ဒါတွေအားလုံးဟာ..
ကျွန်တော့်ကိုချစ်လွန်းအားကြီးလို့ပါ....
အရာအားလုံးအတွက် အမေ့ကို အထူးကျေးဇူးပါပဲ..
ဆပ်မကုန်တဲ့ကျေးဇူးများကိုဘယ်လိုဆပ်ရမလဲ..ဆိုတဲ့
လမ်းစကိုရှာရင်း...မတွေ့ခင်အချိန်မှာ..
ရင်ထဲကစကားတခွန်းကတော့...
အမေတယောက်စိတ်ချမ်းသာပျော်ရွှင်..ကျန်းမာရွှင်လန်း
လိုရာဆန္ဒ..အစဉ်ထာဝရ..
ပြည့်ပါစေလို့....ဆိုရင်း.....
 

No Love like a Mother's Love

There is no love, like a mother's love,
no stronger bond on earth...
like the precious bond that comes from God,
to a mother, when she gives birth.