Pages

Tuesday, October 11, 2011

“စစ်အစိုးရတဖြစ်လဲ ကြံ့ဖွံ့အစိုးရရဲ့ ဇောက်နက်တဲ့ စကောနဲ့ကျွန်ုပ်တို့၏..”

ပထမဆုံးပြောချင်တာက အခုပြည်တွင်းကနိုင်ငံရေးပါတီတချို့ပါတီ တာဝန်ရှိပုဂ္ဂိုလ်တချို့နဲ့ ပြည်ပက နိုင်ငံရေးဝေဖန်သုံး သပ်သူ၊ နိုင်ငံရေးပါတီတာဝန်ရှိသူ တချို့(ပြည်ပမှာတော့ အတော်နည်းပါသေးတယ်) က အရပ်သားအစိုးရသစ်နဲ့ နိုင်ငံ တော်သမတကြီး၊ တချို့ဆို ဒီမိုကရေစီအစိုးရလို့တောင် ခေါ်ဝေါ်သုံးစွဲ ပြောဆိုလာတာ ကြားနေရပါတယ်။ စစ်အစိုးရက ပြည်သူလူထုတွေ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီးဒဏ်ကြောင့် အတိဒုက္ခ အကြီးအကျယ်ရောက်နေတဲ့အချိန်မှာ အတင်းအ တည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာအချက်တွေ ထည့်သွင်းရေးဆွဲထားတယ်ဆိုတာ နိုင်ငံရေး စိတ်ဝင်စားသူတွေအားလုံး သိကြပြီးဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့တဲ့၂၀၁၀ ရွေးကောက်ပွဲ ဆို တာမှာလည်း စစ်အစိုးရက လွှတ်တော်ထဲမှာစစ်တပ် အမတ် ၂၅% နဲ့တင်မခိုင်မှာစိုးတဲ့အတွက် သူတို့လက်ကိုင်ဒုတ် ကြံ့ ဖွံ့ပါတီအမတ်တွေ အနိုင်ရအောင်ဘယ်လို မတရားလုပ်ခဲ့တယ်ဆိုတာကိုလည်း မြင်သာထင်ရှားတွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ အနိုင်ရပါတယ်ဆိုပြီး စစ်ယူနီဖောင်းချွတ် အရပ်ဝတ်လဲဝတ်ပြီး ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်၊ မှူးချုပ်။ မှူး ကြီးတဖြစ်လဲ ခေါင်းပေါင်းစွပ် သမတနဲ့ဝန်ကြီးတွေဟာ အစိုးရအဖွဲ့ထဲမှာ ဘယ်လောက်ပါနေတယ်၊ နေရာယူထားတယ် ဆိုတာလည်း စာရင်းအတိအကျ ဖော်ပြထားခဲ့ပြီးဖြစ်ပါတယ်။ အစိုးရအဖွဲ့မှာ သမတ က အစ သမတရုံးဝန်ကြီးအထိ ၀န် ကြီးဌာန ၃၃ ခုမှာ စစ်ဗိုလ်ချုပ်တွေ က ၂၈ ယောက် ပါဝင်နေရာယူထားပါတယ်။