Pages

Monday, November 15, 2010

ယနေ့တိုက်ပွဲ သတင်း

ဆုံဆည်းရာ မှ.....

မြ၀တီ
ဝေါလေဒေသမှာ နအဖ စစ်တပ်နဲ့ ဒီကေဘီအေ တပ်တွေ ယမန်နေ့ညနဲ့ ယနေ့မနက် အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေပါသေးတယ်။ ဒီကေဘီကေ တပ်များက လောခေါ်ဘက်တွင် အခြေစိုက်ထားပြီး နအဖ စစ်တပ်မှ ဝေါလေရွာဘက်တွင် စခန်းချထားကြောင်း သိရှိရပါတယ်။ ထို ဝေါလေ ဘက်တွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ထိုင်းနိုင်ငံ မော်လီချိုင်းဘက်သို့ စစ်ပြေးဒုက္ခသည် ၆၀၀ ကျော် ရောက်ရှိနေကြောင်း သိရှိရသည်။

ဘုရားသုံးဆူဒေသ
ဘုရားသုံးဆူဒေသမှာ နအဖ စစ်တပ်မှ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂၈၃ နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆၊ ၉၀၇ တို့ တိုက်ပွဲတွေ ကြို့ကြားကြို့ကြား ဖြစ်နေတယ်လို့ သိရှိရပါတယ်။ ချောင်းဆုံ ဒေသမှာလည်း နအဖ စစ်တပ် ခမရ ၂၁၀ နဲ့ ကေအန်ယူတို့ ပြောက်ကျားတိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရှိရပါတယ်။

Friday, November 12, 2010

ကြံ့ဖွံ့ ပါတီကို မဲမပေးသဖြင့် တာတမံကို ဖေါက်ချရာ လယ်ဧက ထောင်ချီ၍ ပျက်စီး

မစားရတဲ့ အမဲ သဲနဲ့ ပက်ဆိုသလို...မဲမရလို့ တာတမံကိုဖောက်တဲ့ လူသားမဟုတ်တဲ့ ကြံ့ဖွတ်ကောင်တွေ....နာမည်နဲ့ လည်းလိုက်ပါဘိဗျာ....

နိရဉ္စရာ သတင်းဌာန မှ...

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကံချောင်းကျေးရွာတွင် ဆည်မြောင်းဦးစီးဌာနမှ ဆည်ထားသော တာတမံ တစ်ခုကို ဆည်မြောင်း အရာရှိများက ဖေါက်ချလိုက်သဖြင့် လယ်ဧက ထောင်ချီ၍ ပျက်စီးသွားကြောင်း သတင်းရရှိသည်။

“သူတို့က ရွေးကောက်ပွဲ ပြီးတဲ့ နောက်တစ်နေ့မှာ မော်တော်ဘုတ် တစီးနဲ့ လာပြီး တမံ တုတ်ထားတဲ့ ဆည်ကို ဖေါက်ချလိုက်တဲ့အတွက် ဆားငံရေတွေ ၀င်ပြီး လယ်ဧက တထောင်နီးပါး ပျက်စီးသွားခဲ့ပါတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဆည်ကို ဖေါက်ချရသည့် အကြောင်းအရင်းကို သူက ယခုကဲ့သို့ ဆက်ပြောသည်။

Thursday, November 11, 2010

ဘုရားသုံးဆူတွင် လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်

ဧရာဝတီ မှ....

ယနေ့ နံနက် ၃ နာရီ ကျော်မှ စတင်ကာ DKBA တပ်များက နအဖ စစ်တပ် ခလရ ၂၈၃ တပ်စွဲရာ ထိုင်း-မြန်မာနယ်စပ် ဘုရား သုံးဆူ မြို့ပြင်ရှိ တောင်ကုန်းကို လက်နက်ကြီများဖြင့် စတင်ပစ်ခတ်သည်။ ခန့်မှန်းခြေ လက်နက်ကြီး အလုံး ၃၀ ခန့်ရှိပြီး နံနက် ၆ နာရီခန့်အထိ အပြန်အလှန် ပစ်ခတ်ကြခြင်းဖြစ်သည်။ နံနက် ၈ နာရီ ခန့်အထိ ပစ်ခတ်မှုများ ကြိုကြားကြိုကြား ရှိနေကြောင်း နယ်စပ် အခြေ အနေ ကို လေ့လာနေသူ ထိုင်းနယ်ခြားစောင့်အဖွဲ့ ဝင် တဦးက ပြောသည်။ မြ၀တီဘက်မှ ဆုတ်ခွာ လာသော ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)၏ DKBA တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူသို့ ယမန်နေ့က ရောက်ရှိလာကြောင်း၊ နအဖ စစ်ကူ တပ်များလည်း သံဖြူဇရပ်ဘက်မှ ဘုရားသုံးဆူရှိရာသို့ ဦးတည် လာနေကြောင်း၊ ထိုင်းဘက်သို့ တိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များစွာ ယမန်နေ့က ဘုရားသုံးဆူဘက် ပြန်သွားကြောင်း သတင်းရရှိသည်။

Wednesday, November 10, 2010

မြန်မာ နိုင်ငံ၏ ပကတိအခြေအနေသည် ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေး အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်နေ၍ အမေရိကန် ရေတပ် အုပ်စု မြန်မာ့ ရေပိုင်နက် နားတွင် အသင့်ရှိနေတော့မည်

Freedom News Group မှ..

မြန်မာ နိုင်ငံ ၏ ရွေးကောက်ပွဲလွန် ကာလ အခြေအနေများသည် ဒေသတွင်း နိုင်ငံများ ၏ လုံခြုံရေး အတွက် ပါ စိုးရိမ် ဖွယ်ရာ ဖြစ်နေ သဖြင့် ထိုင်း ရေပိုင် နက် အတွင်း နှင့်တောင်တရုတ် ပင်လယ်တွင် ရှိနေသော အမေရိကန်စစ်သင်္ဘော အချို့ သည် မြန်မာ ရေပိုင် နက် အနီးတွင် မကြာခဏကင်းလှည့်ပြီး အသင့်အနေအထား ရှိနေတော့ မည် ဖြစ်ကြောင်း ထိုင်းဘုရင့်တပ်မတော် မှအကြီးတန်း အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။မြန်မာ စစ်တပ် နှင့် တိုင်းရင်းသား လက်နက် ကိုင်များ အရေးသည် နိုင်ငံ၏ ပြည်တွင်းစစ်အသွင် ဆောင်သွား နိုင်ကာ ဆက်စပ်လျှက် ရှိသော နိုင်ငံများ ၏ လုံခြုံရေး ကိုပါ ထိပါးနိုင်သည့် အခြေအနေရှိ သောကြောင့် အမေရိကန် ရေတပ်က နိုင်ငံရေပိုင် နက်တွင် ပုံမှန်ကင်းလှည့်မှု ပြုပြီး အသင့် အနေအထား ဖြင့် အနီးကပ် စောင့်ကြည့် မည်ဟု သိရသည်။

DKBA ဘက်မှ တိုင်းရင်းသား လက်နက်ကိုင်တချို့ ကူတိုက်ဖွယ်ရှိ

ဧရာဝတီ မှ....

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်အစိုးရနှင့် တိုက်ခိုက်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)ဘက်မှ စစ်ရေးအရ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တချို့က ကူ၍ တိုက်နိုင်ဖွယ် ရှိကြောင်း စစ်ရေး လေ့လာသူများက ပြောသည်။
DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး(စောလားပွယ်) ၏ တပ်များနှင့် နအဖ စစ်အစိုးရ တပ်များအကြား လက်ရှိ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ သုံးသပ် ပြောဆိုနေခြင်း ဖြစ်သည်။

“နအဖရဲ့ တိုက်ခိုက်မှုဟာ ဆက်တက်လာမယ် ဆိုလို့ရှိရင်တော့ အဲဒီမှာ ရှိတဲ့ အဖွဲ့တွေအားလုံးဟာ ရှောင်လို့မရဘူး၊ အားလုံး လက်တွဲ တိုက်ရလိမ့်မယ်ထင်တယ်”ဟု ကရင်အမျိုးသား အစည်းအရုံး (KNU)မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေ က ဧရာဝတီသို့ ပြောသည်။

Tuesday, November 9, 2010

စစ်ပွဲများကြောင့် မွန်နှင့် ကရင် လူမျိုးများ ထပ်မံထွက်ပြေးလာနေ

Freedom News Group မှ....

မြန်မာစစ်တပ်နှင့် ကရင်တော်လှန်ရေးတပ်ဖွဲ့ တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် တိုက်ပွဲများကြားတွင်ရှိနေကြသောကရင်နှင့်မွန်ရွာသား၂၅၀၀
ခန့်သည်ထိုင်းနိုင်ငံဘက်ခြမ်းစန်ခပူရီခရိုင်အတွင်းသို့ယနေ့မနက်ပိုင်းတွင်ထပ်မံထွက်ပြေးလာကြကြောင်းဘန်ကောက်ပို့စ်အင်တာနက်စာမျက်နှာတွင်ဖေါ်ပြ ထားသည်။

မြန်မာစစ်တပ်ဟာ DKBA တပ်ဖွဲ့ဝင်တွေ ထိမ်းချုပ်ထားတဲ့ ဘုရားသုံးဆူ စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်လာတဲ့အတွက် လက်နက်ကြီးများပစ်ခတ်မှုကြောင့် ရွာသားများထွက်ပြေးလာကြကြောင်းကချပ်နဘူရီ ရဲမှုးကြီးဗာရာသွန် ၀စ်ထရာဘန်ရမ်က ပြောပြခဲ့သည်။ DKBA တပ်ဖွဲ့တွေ ရဲ့ အခြေစိုက်လှုပ်ရှားနေတဲ့ စခန်းဟာ စန်ခပူရီနဲ့ မီတာ ၄၀၀အကွာမှာ တည်ရှိနေကြောင်းသတင်းမှာဖေါ်ပြထားသည်။

ရဲမှုးကြီး ဗာရာသွန်က မြန်မာစစ်တပ်ဘက် ၁၁ယောက်ကျဆုံးပြီး DKBA တပ်ဖွဲ့ဝင်တွေဘက် ဘယ်လောက်ကျဆုံး၊ဒါဏ်ရာ၇တယ်ဆိုတာကို တိတိကျကျမသိကြောင်းပြောဆိုခဲ့သည်။

ကမ္ဘာ အေးဘုရား လမ်းပေါ်ရှိ အောင်သိန်း လင်း အိမ် ချီးထုပ် များ ဖြင့် အပေါက်ခံရ

Freedom News Group မှ......

ကမ္ဘာအေးဘုရား လမ်းနှင့်ဆရာစံလမ်းထောင့်ရှိရန်ကုန်မြို့ တော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်း၏နေအိမ်ရှေ့ သို့ ယနေ့ ည၈နာရီအချိန်ခန့် မှာ ဆန်နီပစ်ကပ်ကားငယ်၂စီးပေါ်မှ အသင့်ပါလာသည့် ချီးထုပ်များဖြင့် ပစ်ပေါက်သွား ကြောင်း...ပူပူနွေးနွေးအနိုင်ရကြံ့ဖွံ့ အမတ်ကြီး၏အိမ်ရှေ့
တွင်ချီးများဖြင့် ပေကျံနေသည်ဟု သတင်းရရှိသည်။

ထိုချီးထုပ်များ ကိုရှောင်ကွင်းပြီးမောင်းနှင်ခဲ့ရသည့် အမှတ် ၄၃ လိုင်းဘတ်(စ)ကားမောင်းသူတစ်ဦးက အာဂျီနိုမိုတို အိပ်အရွယ်ချီးထုပ်တွေပျံ့ကျဲ နေတာပဲကားကို လာစင်မှာ ဆိုးလို့ တောင်ဖြေးဖြေးမောင်းရတယ်သူ့ အိမ်ရှေ့ မှာဆိုချီးတွေကပေပွနေတာဟု FNG သို့ ပြောသည်။

မြန်မာ့ရုပ်သံတွင် DKBA ကို KNU သောင်းကျန်းသူဟု ဖော်ပြ

ဗြောင်လိမ်ဗြောင်စား လူ့ ငနွားများအဖွဲ့ အားရှိတဲ့အရပ်ရောက်ရာဒေသမှာ ဆန့်ကျင်တိုက်ခိုက်ကြပါရန်........

ဧရာဝတီ မှ....
ယမန်နေ့က မြန်မာ့ရုပ်သံတွင် မြဝတီမြို့အတွင်း နအဖ တပ်များ နှင့် DKBA ခွဲထွက် ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးတို့ အဖွဲ့ တိုက်ပွဲ သတင်းကို ထုတ်လွှင့်ခဲ့ရာ “KNU အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ တဖွဲ့က ဝင်ရောက် ပစ်ခတ်သည်” ဟူ၍ ကြေညာခဲ့သည်။ စစ်အစိုးရသည် DKBA တပ် မှန်သမျှကို ၎င်းတို့ လက်အောက်ခံဟု လူထုက ယုံကြည် စေရန်၊ အကြမ်းဖက်မှု မှန်သမျှ KNU ၏ လက်ချက်ဟု အထင်ရောက် စေရန် ကရင် တိုင်းရင်းသားချင်း သွေးခွဲသည့် ဝါဒါဖြန့် လုပ်ငန်းများ စတင် လုပ်ဆောင် နေကြောင်း လေ့လာသူ တို့က သုံးသပ်သည်။

ဘုရားသုံးဆူတိုက်ပွဲ ဆက်လက်ဖြစ်ပွားဆဲ

KIC သတင်းမှ.....

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ဖြစ်ပွားနေသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်နှင့် နအဖ စစ်တပ်တို့၏တိုက်ပွဲသည် ယနေ့ မြန်မာစံတော်ချိန်မွန်းလွဲ ၂နာရီခွဲအချိန်ထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။


ရွှေနဂါးတောင် အခြေစိုက်စခန်းနှင့် ရပ်ကွက်(၃)တပ်ကုန်းမှ နအဖတပ်ဖွဲ့ဝင်များသည် ဒီကေဘီအေတပ်ဖွဲ့များ အခြေစိုက်ရာ မဲ့က သာဘက်သို့ ၁၂၀စိန်ပြောင်း အမျိုးအစား လက်နက်ကြီးများဖြင့် မနက် ၉နာရီမှစ၍ မွန်းလွဲ ၂နာရီခွဲအထိ ပစ်လိုက်၊ ရပ်လိုက်ဖြင့် အလုံးပေါင်း ၃၀ကျော်ပစ်ခဲ့ပြီဟု ဒီကေဘီအေ ကလို့ထူးဘောဗျူဟာ အထူးတပ်ခွဲမှူး ဗိုလ်ကြီးစောအေ၀မ်းက ပြောသည်။

Monday, November 8, 2010

တိုက်ပွဲသတင်း

Freedom News Group မှ...


၁၄း၂၀ DKBA တပ်များ မြ၀တီ မြို့ တွင်းမှ တဖြည်းဖြည်းချင်း အောင်မြင်စွာ ဆုတ်ခွာ 
၁၄း၀၀ နေပြည်တော်မှ တံတားဖွင့်ပေးရန် အမိန့်မပေးသောကြောင့် ထိုင်းအာဏာပိုင်တို့တောင်းဆို
သော ဒုက္ခသည်များ တရားဝင်ချစ်ကြည်ရေးတံတားပေါ်မှပြန်လည်ပို့ဆောင်ရန် အခက်တွေ့။


ဘုရားသုံးဆူ ရှိ အစိုး ရ အဆောက် အဦ အား လုံး မီးရှို့ ဖျက်ဆီးခံရ ဘုရားသုံး ဆူမှ စစ်တပ်ဗိုလ်မှုး (၂)ဦး နှင့် ရဲ မှုး(၂)ဦးကိုDKBA ကဖမ်းဆီးထား
ရွေးကောက်ပွဲနေ့ ဖမ်းဆီးခံထားရသော ဂျပန်လူမျိုးသတင်းကို မည်သည့်နေရာရွှေ့ပြောင်းဖမ်းဆီးထားကြောင်းသတင်းကိုတော့စုံစမ်းလို့မရသေးပါဘူး။ထိုင်းစစ်သားတွေကတော့လုံခြုံရေးသတိနဲ့ရွေ့လျားသွားလာနေကြပါတယ်။ဘရင်းကယ်ရီကားတွေ လည်းထိုင်းဘက်မှာနေရာယူထားပါတယ်။
မြ၀တီဘက်ကမ်းကနေ မိသားစုတွေ ကူးလာနေကြဆဲပါပဲသူတို့ကတော့ နအဖစစ်တပ်ဝင်နေပြီ စစ်ကားတွေမြို့ထဲကို ပတ်နေပြီးရှောင်ကြရန်ပြောကြောင်းသိရပါတယ်။
ဘုရား သုံးဆူနှင့် မြ၀တီ အပါအ၀င် ထိုင်းတွင် မြန်မာ ဒုက္ခသည် သုံးသောင်းကျော်ရှိပြီးယနေ့ ညနေ အသုတ်လိုက် ခွဲပြီ ပြန်ပို့ နိုင်ရန် စီစဉ် နေပြီ ဖြစ်သည်။

နအဖက လေယာဉ်ဖြင့် ဗုံးကျဲမှာကြောက်၍ ယူနီဖောင်း ချွတ် သေနတ်ရေတွင်း ထဲပစ်ချ ကာ ထွက်ပြေး လာသည့် မြ၀တီ မှ စစ်သား တစ်ဦးကို ထိုင်းနယ်ခြားစောင့် တပ်မှ ဓာတ်ပုံရိုက် မှတ် တမ်းတင်ပြီး နောက် ဖဝေါ တပ်ဆွယ်သို့ ခေါ်သွားစဉ်

ဗိုလ်မှူးကြီး စောချစ်သူနှင့် စစ်အစိုးရပေါင်း၍ မြ၀တီသိမ်းမည်

ဧရာဝတီ သတင်းမှ.....

ဗိုလ်မှူးကြီး စောချစ်သူ DKBA နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက စစ်အစိုးရတပ်များနှင့် ပူးပေါင်း၍ ကရင်ပြည်နယ် မြ၀တီမြို့ကို ယနေ့ ပြန်လည် သိမ်းပိုက်မည်ဟု သတင်းရရှိသည်။ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကလည်း မြ၀တီမြို့ထဲတွင်ရှိသော ၎င်း၏ တပ်ဖွဲ့ကို ပြန်လည် ထွက်ခွာရန် ညွန့်ကြားထားကြောင်း၊ စစ်အစိုးရနှင့် DKBA တိုက်ပွဲ ကြောင့် ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင် လာသော ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များ ယနေ့ ပြန်ပို့ရန် စီစဉ်နေကြောင်း သိရသည်။

အမျိုးယုတ် ချစ်သူ.....စောက်သုံးမကျတဲ့ကောင်...ထမင်းစားပြီးခွေးလောက်တောင် အသိဥာဏ်မရှိတဲ့ကောင်....သေချင်းဆိုးနဲ့ သေပါစေ...

သေကုန်ကြပြီးလားဟေ့........

စတဲ့လူတွေကတော့ စနေကြပြီး....ကျန်တဲ့လက်နက်ကိုင်တော်လှန်ရေးအုပ်စုတွေ ဘယ်ရောက်ကုန်နေပြီးလဲ.......
ပုဆိုးကွင်းထဲ လက်ပုန်းပြနေတဲ့ကောင်တွေပဲ......စစ်ခွေးနအဖသည် အားလုံးရဲ့ ဘုံရန်သူ....ဘာလို့ အခုထက်ထိအစည်းဝေးထိုင်နေကြတာလဲ တိုက်စရာရှိရင်တိုက်.....ကူစရာရှိရင်ကူ....စောစောစီးစီးပြတ်ပြတ်သားသားလုပ်ကြပါ........ဘယ်မှာလဲ...ဝတွေ..ကချင်တွေ..မွန်တွေ..ရှမ်းတွေ....ကရင်နီတွေ...ဒီမိုအင်အားစုတွေ...


လက်တွေ့ လုပ်ဖို့ သင့်နေပြီး သင့်ရဲ့ တွင်းထဲမှာပဲ အောင်းမနေပါနဲ့ တော့..........

ဝေါ်လေဒေသ၌ ပြည်သူ ၄၀၀ကျော် ထိုင်းဘက်ခြမ်းကူးပြီ

KIC မှ
မြ၀တီခရိုင် တောင်ဘက်ခြမ်းရှိ ဝေါ်လေကျေးရွာ အနီးတ၀ိုက်တွင် နအဖစစ်တပ်မှ 81 လက်နက်ကြီး ၄လုံးနှင့် လှမ်း၍ ပစ်ခတ် မှုကြောင့် ရွာသား ၄၀၀ကျော် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေပြီဟု ရွာသားများက ပြောသည်။
ဝေါ်လေရွာသားတဦးက “ဒီမနက် ၁၀နာရီမှာ ဗမာတပ်ဖက်က ဒီကေဘီအေတွေ ရှိနိုင်မယ့်နေရာတွေကို လက်နက်ကြီးနဲ့ ၄ချက်တိ တိ လှမ်းပစ်တယ်။ ရွာထဲမှာတော့ တလုံးမှ မ၀င်သေးဘူး။ လောလောဆယ် ရွာသားတွေ ပြေးလွှားနေတုန်းပဲ။ ထိုင်းဘက်ခြမ်းကို ၄၀၀ကျော်လောက် ကူးပြီ။”ဟု ပြောသည်။

ဝေါ်လေဒေသတွင် လှုပ်ရှားနေသော နအဖ စစ်တပ် စကခ(၈) နည်းဗျူဟာ(၃)မှ ယင်းသို့ ပစ်ခတ်ခြင်းဖြစ်ပြီး ယနေ့ နေ့လည်အချိန် ထိ ဒီကေဘီအေတပ်ဖွဲ့နှင့် အဆိုပါ နအဖစစ်တပ်တို့ အပြန်အလှန် ပစ်ခတ်နေဆဲဖြစ်ကြောင်း ထိုနယ်မြေတွင် လှုပ်ရှားနေသည့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ပြောသည်။

မြန်မာ့ ရွေးကောက်ပွဲ အလွန် ပြည်တွင်း စစ်ပွဲ (တိုက်ရိုက်ထုတ်လွှင့်မှု)

Freedom News Group မှ....
မွန်း တည့် ၁၂း၁၂ ပဲခူး အခြေစိုက်တပ်ရင်းအချို့ မြ၀တီတပ်များကိုစစ်ကူပေးရန်ထွက်ခွာ
မွန်းတည့် ၁၂း၀၀ နာရီ ပဲခူးတွင်အခြေခံစားကုန်များလှောင်ထားမှုကြောင့်ကုန်ဈေးနှုန်းများတရိပ်ရိပ်ဖြင့်ကြောက်ခမန်းလိလိတက်

နံနက် ၁၁း၁၀ အမေရိကန် နှင့် ဥရောပ နိုင်ငံသားများပါသည့်စေတနာ့ဝန်ထမ်းဆေးတပ်ဖွဲ့ မြ၀တီတောင်ဘက်မှတစ်ဆင့်ကရင်ပြည်နယ် ထဲ့သို့ ဝင်ရောက်.......
နံနက် ၁၁း၀၀ အမေရိကန် ရောက်မြန်မာ့ ဒီမိုကရေစီလှုပ်ရှားသူများကထိုင်း နိုင်ငံတွင်းရောက်ရှိနေသည့် မြန်မာစစ်ပြေးဒုက္ခသည်များ နှင့် အခြားကိစ္စရပ်များတွင်သုံးရန်ရံပုံငွေ စတင်ကောက်ခံမှုကိုအော်ရီဂွန် ပြည်နယ်တွင်စတင်

နံနက်၁၀း၀၀ နအဖစစ်တပ် ဓါတုလက်နက်အသုံးပြုမှုရှိမရှိ လေ့လာရန်ဘန်ကောက်အခြေစိုက်နိုင်ငံတကာစစ်သံမှုးများနယ်စပ်တစ်နေရာသို့ လာမည်
နံနက် ၉း၄၉ နအဖ လေကြောင်း ဖြစ်ထိုးစစ်ဆင် မည် ဟု သတင်းများ ထွက်ပေါ်သောကြောင့်စစ်သားများ အရပ်ဝတ်လဲပြီး မဲဆောက် မြို့သို့ ဒုက္ခသည်အဖြစ်ရောက်ရှိ။

နံနက် ၉း၃၀ မြ၀တီမြို့ တွင်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေမြ၀တီမြို့ ရှိဘဏ်အားလုံးအဖောက်ခံရနအဖစစ်တပ်လက်နက်ခဲယမ်းမီးကျောက်များ ဆုံးရှုံး

ဆုတ်ခွာသွားသည့် နအဖ စစ်တပ် တန်ဖိုးရှိ ပစ္စည်းများ ယူငင်ပြီး မြ၀တီ မြို့ ကို မြေလှန်ဖျက်ဆီးနေ

Freedom News Group မှ....

ယမန်နေ့ ည၉နာရီထိ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ နအဖစစ်အစိုးရဲ့ ရမ်းကားစွာလူနေအိမ်များကိုမီးတင်ရှို့ မှု၊ ပေါ်တာဆွဲမှုများကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့ ယာယီဒုက္ခသည်စခန်းသို့ထွက်ပြေးလာနေကြဆဲလို့ FNG သတင်းထောက်များကသတင်းပေးပို့ ပါတယ်။

ဒီနေ့ မနက်မှာတော့ ထိုင်းနိုင်ငံယာယီဒုက္ခသည်စခန်းကို ထိုင်းနိုင်ငံ လူမှုရေ.အဖွဲ့အစည်းများ၊ မြန်မာလူမှုရေးအဖွဲ့ များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေကြပါတယ်မဲဆောက်မြို့တော်ဝန်ကသစ်ဆမ်ကမဲဆောက်မြို့သူမြို့သားများကိုအရေးပေါ်လူအားငွေအားတတ်နိုင်သည်များကိုကူညီ ကြရန်ပန်ကြားထားကြောင်းသိရပါတယ်။

မြ၀တီမြို့ဘက် တိုက်ပွဲအခြေအနေမှာမနေ့ညက၁၀နာရီခန့်သေနတ်သံများကြားနေရပြီးည၁၁နာရီတွင်မိုးကုတ်ဘုန်းတော်ကြီးအတွင်းသို့နအဖစစ်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ လူ၂၀ခန့် သေဆုံးခဲ့ရပါတယ်။တိုက်ပွဲမှာငြိသက်သွားပြီး ယနေ့မနက် ၆ နာရီခန့်တွင် မြ၀တီငှက်ပျောတောဘက်တွင် တိုက်ပွဲများပြင်းထန်နေပြီးဘား အံ့ အခြေစိုက် တပ်မ၂၂ စစ်ကူရောက်နေပြီဟုသတင်းရရှိပါတယ်။ မြ၀တီ-မဲဆောက်ချစ်ကြည်ရေးတံတားထိပ်ရှိ မြန်မာလူဝင်မှုကြီးကြပ်ရေးဂိတ်တဲကို လက်နက်ကြီးထိမှန်ပျက်စီးသွားပါတယ်။

Sunday, November 7, 2010

မြ၀တီမြို့တွင် တိုက်ပွဲဖြစ်ပွား

ဧရာဝတီ သတင်းမှ......

နအဖ စစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှတပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့ နံနက် ၉ နာရီခန့်ကစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရ သည်။ “မနက် ၉ နာရီမှာ ကျနော်တို့ကို စစ်အစိုးရ တပ်တွေက စပစ်တာပါ၊ အဲဒီတော့ ကျနော်တို့ရဲ့ ရဲဘော်တွေကို ပြန်ပစ်ဖို့ အမိန့် ပေးထားတယ်၊ စစ်အစိုးရ တပ်တွေ တဖြည်းဖြည်းနဲ့ ပိုများလာတယ်၊ ကြည့်ရတာ သူတို့က ကျနော်တို့နဲ့ ညှိနှိုင်းပုံမရဘူး”ဟု ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးက ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ်တချို့ကို DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယမန်နေ့ကထက် ပိုမို တင်းမာနေကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း တင်းမာမှုဖြစ်

နော်ဖော၊ ခွန်အောင်မြတ်၊ နိုင်ငံတကာမြန်မာသတင်း

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် တပ်မဟာ (၅) ကို ဦးဆောင်တဲ့ ဗိုလ်နှုတ်ခမ်းမွှေး တပ်ဖွဲ့ အခြေချတဲ့ နယ်မြေမှာ မြန်မာ စစ်အစိုးရတပ် အင်အားတွေ တိုးမြင့် ချထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ သုံးရက်ကတည်းက ဒီမနက်အထိ စစ်အစိုးရတပ်က အင်အားတွေ ထပ်ဖြည့်ထားသလို ဗိုလ်ကျော်သက် ဦးဆောင်တဲ့ တပ်ကိုလက်ရှိ ၀ိုင်းထားတယ်လို့ ဗိုလ်နှုတ်ခမ်းမွှေးက ပြောပါတယ်။

“ခုနပဲ ခုနပဲ ဖုန်းဆက်လာတယ်။ သူတို့ (နအဖ) စစ်ကား ဒီအီးတွေလေ သုံးစီးနဲ့ ဒီမြ၀တီဘက်ကို တက်လာတယ်နော်။ အဲဒါ တပ်ရင်းရော တပ်မရော အင်အားဖြည့်လာတာပေါ့နော်။ မြ၀တီ ဘက်ကိုနော်။ ခုနကပဲ ဒီအီးက ဖြတ်လာတယ်လေ။ ကော့ကရိတ်က။ ကော့ကရိတ်ကအဖွဲ့က ကျနော်တို့ အဖွဲ့ပေါ့နော်။ အဲဒီမှာ ဗျူဟာ (၂) က ဗိုလ်မှူးကျော်သက် လူကို သူတို့အခု ပတ်ပတ်လည် သူတို့ ၀ိုင်းထားနေတယ်။ ဒါပေမယ့် ဘာမှ မဖြစ်သေးဘူးနော်။ ဒီလိုပဲ နားထောင်ပြီးတော့ ကြည့်နေတာပေါ့ နော်။”

နယ်ခြားစောင့်တပ် အသွင်မပြောင်းတဲ့အတွက် တရားမ၀င်အဖွဲ့အဖြစ် သတ်မှတ်ပြီး တောထဲမှာ ပြန်သွားရန် ဖိအားပေးနေတာလို့ ဗိုလ်နှုတ်ခမ်းမွေးက ဆက်ပြောပါတယ်။

Friday, November 5, 2010

မိခင်နှင့်တွေ့ဖို့ ကမ်အဲရစ် ဗီဇာရရန်ကြိုးပမ်း

Freedom News Group မှ.....

(၁၀)စုနှစ်တစုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ယောက်အနက် တယောက်ဖြစ်သူကမ်အဲရစ်သည် မိခင်ဖြစ်သူနှင့် တွေ့ဆုံဖို့ မြန်မာပြည်ပြည်ဝင်ခွင့် ရရှိဖို့ ကြိုးစားနေကြောင်း အေပီ သတင်းစာမျက်နှာဖေါ်ပြထားပါတယ်။ဒေါ်အောင်ဆန်းကြည်ဟာ ရွေးကောက်ပွဲအပြီးတပါတ်အကြာမှာ လွတ်ရက်စေ့ လွတ်မြောက်နိုင်ဖွယ်ရှိတာကြောင့် မိခင်နှင့် တွေ့ဆုံရန်ဖြစ်နိုင်ကြောင်း သံတမန်အသိုင်းအ၀ိုင်း ထင်မြင်ချက်ပေးပါတယ်။အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကမ်အဲရစ် ဟာ ဗြိတိန်နိုင်ငံမှာနေထိုင်ပြီး သူရဲ့ မိခင်ကို ၂၀၀၀ပြည့်နှစ် ဒီဇင်ဘာမှာနောက်ဆုံးတွေ့ဆုံခဲ့ရပြီးကမ်ကနောက်ထပ်တွေ့ဆုံခွင့်ရဖို့အဆက်မပြတ်ကြိုးစားသော်လည်းမြန်မာစစ်အာဏာရှင်တို့က သူရဲ့ ပြည်ဝင်ခွင့်ဗီဇာကို အမြဲငြင်းပယ် ခဲ့ပါတယ်။

Wednesday, November 3, 2010

ရွေးကောက်ပွဲ လုံခြုံရေးအတွက် သွားလာနေသောလူထုများကို စာရင်းယူ

KIC သတင်းမှ...

ရွေးကောက်ပွဲရက်နီးလာသည့် ယခုအချိန်၌ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မြို့တွင်းသို့ ဝင်ထွက်သွားလာနေသည့် ရွာသူရွာသားများကို စစ်အစိုးရတပ်မှ စစ်ဆေးမေးမြန်းသည့်အပြင် နာမည်စာရင်းများ မှတ်ယူလျှက်ရှိသည်ဟု သိရသည်။

အောက်တိုဘာလကုန်ပိုင်းမှစ၍ ကော့ကရိတ်မြို့တောင်ပိုင်းမှ ဒေသတွင် နအဖ တပ်ဖွဲ့တဖွဲ့ ဝင်ရောက်လာပြီး ကျေးရွာအတွင်း လှည့်လည်ပြီး လက်ရှိတွင် ကော့နွဲကျေးရွာတွင် စခန်းထိုင်ပြီး မြို့တွင်းသို့ ဈေးဝယ်ထွက်သည့် ရွာသူရွာသားများကို စစ်ဆေး ကာ စာရင်းယူခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။