Pages

Tuesday, May 25, 2010

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- တပ်ရင်း(၇) ဆောထိမြို့နယ်၊ ၂၀.၅.၂၀၁၀နေ့၊ ထီးဘလားအရပ်တွင် KNU ၏စောင့်ပစ်မှုကြောင့် ရန်သူ ၇ ဦးသေ။ တိုက်ပွဲ၂ကြိမ်ဖြစ်ပွား၊ ၁၅မိနစ်ကြာခဲ့။ သေဆုံးသူထဲတွင် ဗိုလ်ကြီး၁ဦး တပ်ကြပ်ကြီး၂ဦး တပ်ကြပ်၁ဦး တပ်သား၃ဦး တို့ဖြစ်သည်။ KNU မှ MA11၂လက် ကျည်ကပ်၂ခု ကျည်ဆံ၁၅တောင့် ရရှိခဲ့၊ KNU ဘက်မှထိခိုက်မှု မရှိ။
- တပ်ရင်း(၈) မုံးမြို့နယ်၊ ၁၁.၅.၂၀၁၀နေ့တွင် မောင်ရင်သာအရပ်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ ၁ဦး သေ ၁ဦးဒဏ်ရာရ၊ KNU ဘက်မှထိခိုက်မှု မရှိ။
- ၁၃.၅.၂၀၁၀နေ့တွင် ရန်သူသည် မိမိတို့ပြောက်ကျားအဖွဲ့၂နှင့် ၃ကြိမ်ရင်ဆိုင်တိုက်ပွဲ ပဟီပယ်ခိုအ ရပ်တွင်ဖြစ်ပွားရာ ရန်သူ၃ဦးဒဏ်ရာရ။ ၁၄.၅.၂၀၁၀နေ့ မှာထိုအရပ်မှာပဲထပ်ပြီး၁ကြိမ်တိုက်ပွဲဖြစ်ရာ ရန်သူ၁ဦးဒဏ်ရာရ။
- တပ်ရင်း(၉) မြို့နယ်၊ ၁.၅.၂၀၁၀နေ့ဃဲဒဲအရပ်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ၃ဦးဒဏ်ရာရ။
တပ်မဟာ(၅) ဖာပွန်ခရိုင်။

- ၁.၅.၂၀၁၀နေ့ DKBA ကဆောဝါးတပ်ရင်း မှဗိုလ်ဆဲထီ၊ ဘချစ်တို့သည် ကလော်လိုကလိုးထာ၊ ထီးဘယ်ခါထာရွာသားအားငွေ၂၀၀၀၀ကျပ်အတင်းအကြပ်တောင်းဆို။

- ခမရ(၄၃၉)တပ်ရင်းမှူးသည်ထီးဘယ်ခါထာရွာသားများအား အင်ဖက်၆၀ခက်အတင်းတောင်းဆို။

- ၁၅.၅.၂၀၁၀နေ့၊ ခမရ(၄၃၄)ကုန်းချစ်စခန်းမှ စခန်းမှူးအောင်သန်းကျော်သည် နိုလော်ဆူး ရွာသား များအား အင်ဖက်၅၀ခက် ဝါး၅၀ချောင်း ငွေကျပ်၃၀၀၀ အတင်းအဓမ္မတောင်း။

- ၁၈.၅.၂၀၁၀နေ့ မယ်ပွယ်အရပ်မှ ရွာသားစောဖားဘူး၏ကျွဲ၁ကောင် DKBA၏မိုင်းဒဏ်သင့်ခဲ့။

- နအဖတပ်ရင်း(၄၃၄)သည် ပိုဘောခိုရွာအား ဝါး၃၀၀၀ချောင်း၊ ဖက်၆၀ခက်၊ တဒွီးခိုရွာအား ဝါး ၃၀၀၀ချောင်း ဖက် ၅၀ခက်၊ နိုလော်ဆူရွာအား ဝါး ၃၀၀၀ချောင်း ဖက်၅၀ခက်၊ ကလော်ထာရွာအား ဝါး ၁၀၀၀ချောင်း၊ ငါးအေးဆူရွာအား ဝါး၁၀၀၀ချောင်း ဖက်၆၀ခက်၊ ကုန်းချစ်ရွာအား ဝါး၁၀၀၀ချောင်း ဖက် ၂၀ခက် တို့အားအတင်းအကြပ်တောင်းဆိုခဲ့သည်။ ၁၅.၅.၂၀၁၀နေ့ အရောက်ပို့ခိုင်း။

- ၁၅.၅.၂၀၁၀နေ့၊ DKBAမှ ဖားချစ်သည်အရက်သောက်ပြီးအရက်ဖိုးကို ပိုဘော်လခိုရွာသားအား ၆၀၀၀ကျပ်၊ ကုန်း ချစ်ရွာသားအား၆၀၀၀ကျပ်၊ ကလော်ထာရွာ၆၀၀၀ကျပ်၊ နုကူးနားရွာသား ၆၀၀၀ကျပ်၊ နိုလော်ဆူး ၃၀၀၀ကျပ် တဒွီးခိုရွာ၃၀၀၀ကျပ် တို့ကိုတောင်းခဲ့သည်။



တပ်ရင်း(၁၀၃)

- ၂၂.၅.၂၀၁၀နေ့ ၀၇း၂၀နာရီ၊ ကနဲသေဖိုးလေးနှင့်ဖောဘောထာကြားမှာ မိမိတို့ပြောက်ကျားအ ဖွဲ့နှင့်ခလရ(၂၇၅) တို့၁၀မိနစ်ကြာတိုက်ပွဲဖြစ်ရာ ရန်သူ ၂ဦးသေ ၄ဦးဒဏ်ရာရ။ သေဆုံးသူထဲတွင် ဗိုလ်ကြီး၁ဦးပါပြီးဒဏ်ရာရသူ ထဲမှာတပ်ခွဲမှူး၁ဦး တပ်ကြပ်ကြီး၁ဦး တပ်သား၂ဦး တို့ပါသည်။



တပ်မဟာ(၅) ဖာပွန်ခရိုင်။

- ၇.၅.၂၀၁၀နေ့၊ သောဃဲလိုနှင့်မယ်ပိုးထာကြားမိမိတို့ပြောက်ကျားအဖွဲ့တိုက်ခိုက်မှုကြောင့် ရန်သူ၃ဦး ဒဏ်ရာရ။ ထိုတရက်ထဲမှာဘဲ ပွေးပွာပူနှင့်ကေကောကြားမှာ၁ကြိမ်ပစ်ခတ်ခဲ့။

- ၅.၅.၂၀၁၀နေ့ မိမိတို့ပြောက်ကျားနှင့်ရန်သူတို့သည်အူးတူးကလိုးနှင့်မော်ဖိုးကျိုးကြား ၁ကြိမ်တိုက်ပွဲ ဖြစ်ရာရန်သူ ၁ဦးဒဏ်ရာရ၊ အဲဒီတရက်ထဲမှာဘဲ သောဖိုးကျိုးမှာ တိုက်ပွဲထပ်ဖြစ်ရာ ရန်သူ၃ဦးဒဏ်ရာရ နောက်တကြိမ်ပြောက်ကျားပစ်ခတ်မှုကူးဆိမှာဖြစ်ပွားရာ ရန်သူ၁ဦးဒဏ်ရာရ။

- ၈.၅.၂၀၁၀နေ့၊ အောင်လောက်ကျိုးအရပ်တွင် တိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးသေ၊ ၂ဦးဒဏ်ရာရ။ ထိုရက်မှာဘဲ ဦးတူးကျိုးမှာတိုက်ခိုက်မှုကြောင့် ရန်သူ၂ဦးဒဏ်ရာရ။

- ၉.၅.၂၀၁၀နေ့ တာပေါ်ကျိုးထာအရပ်မှာ ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရန်သူ၂ဦးဒဏ်ရာရ၊ အဲဒီရက်မှာပဲထပ်ပြီးတိုက်ခိုက်ခဲ့ရာ ရန်သူ၁ဦးသေ ၁ဦးဒဏ်ရာရ။

- ၁၄.၅.၂၀၁၀နေ့ မိမိတို့အထူးပြောက်ကျားနှင့် ရန်သူတို့ လယ်တိုးအရပ်မှာတိုက်ပွဲဖြစ်ရာ ရန်သူ၂ဦး ဒဏ်ရာရ။

- ၁၀.၅.၂၀၁၀နေ့ မောသားလိုအရပ်မှာ ပြောက်ကျားပစ်ခတ်ရာ ရန်သူ၁ဦးသေ။

- ၁၁.၅.၂၀၁၀နေ့ မိမိတို့အထူးပြောက်ကျားနှင့် ရန်သူတို့ လယ်တိုးဒေးပယ်ခိုမှာတိုက်ပွဲဖြစ်ရာ ရန်သူ၁ ဦးဒဏ်ရာရ။

- ၁၃.၅.၂၀၁၀နေ့တွင် ပယော်ဖားသွာခိုမှာတိုက်ခိုက်မှုကြောင့်ရန်သူ၁ဦးသေ။

- ၁၄.၅.၂၀၁၀နေ့တွင် ဒူးထောအရပ်မှာ ရန်သူကို၁ကြိမ်ပြောက်ကျားပစ်ခတ်ခဲ့။