Pages

Monday, May 24, 2010

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

တပ်မဟာ(၆) ဒူးပလာယာခရိုင်။

၁၅.၅.၂၀၁၀ နေ့၁၃း၂၀နာရီ တွင် KNU တပ်ရင်း(၁၈) တပ်ခွဲ(၄) သည် ရန်သူ ခလရ(၁၀၆) စစ်ကြောင်း (၁) ကို ယော်ဂူနီ၏လယ်ကွင်းပြင်တွင်စောင့်ပစ်ရာ တိုက်ပွဲ၃မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ရန်သူ၏ထိခိုက်မှုကိုမသိရ။
၁၆.၅.၂၀၁၀ နေ့၁၇း၃၀ နာရီ တွင်အထက်ကKNUအဖွဲ့သည် ထီးပျက်ကလိုကားလမ်းတွင်ထပ်ပြီးစောင့်ပစ်ရာ ရန်သူ ၂ဦးသေ ၁ဦးဒဏ်ရာရ။ မိမိတို့ဘက်ထိခိုက်မှုမရှိ။
၁၂.၅.၂၀၁၀နေ့၁၆း၃၀နာရီ တွင် DKBA ၉၀၇ မှ ကော်ခိုဟဲသည် KNUတပ်ရင်း(၁၈)တပ်ခွဲ(၃) သို့ ၉မမ တလက်၊ စကားပြောစက်အသေးတလုံးနှင့်အတူပြန်လည်ခိုလှုံဝင်ရောက်လာခဲ့သည်။


၁၅.၅.၂၀၁၀နေ့ ၀၃း၃၀နာရီ တွင်လေးနော်ရွာမှနအဖတပ် ခမရ(၄၀၉)၏စခန်းအပြင်တွင်ထောင်ထား သောမိုင်းပေါက်ကွဲမှုကြောင့် မချစ်စု(၂၅)နှစ်၏နွားတကောင်သေ။ ထိုဖြစ်ပွားမှုကြောင့် အဆိုပါနအဖတပ်သည် နွား ပိုင်ရှင်အားမိုင်းဗုံးလျော်ကြေး၂၀၀၀၀ကျပ်တောင်းတဲ့အပြင် သေသွားသောနွားအား အကုန်ယူစားခဲ့သည်။ ပိုင်ရှင် အား တပိသာမှမကျွေး။
၈.၅.၂၀၁၀နေ့ ၂၁း၀၀နာရီ အချိန်တွင်အဆိုပါတပ်စခန်းထောင်ထားသောမိုင်းကွင်းအ ပေါ်သို့သစ်ပင်ကျိုး ကျပြီး မိုင်းပေါက်ကွဲခဲ့၊ အဲဒီနောက်ထိုတပ်သည် ရွာထဲသို့လက်နက်ကြီး၂ချက်လှမ်းပစ်ခဲ့… ရွာသားများထိ ခိုက်မှု မရှိ။
လေးနော်ရွာ လေးခေါ်ထိရွာသားများအားနအဖတပ်ကသေါခါးတမာယို သို့အတင်းအကျပ်ပြန်ပြောင်းခိုင်း။
၉.၅.၂၀၁၀နေ့တွင် နအဖတပ် စကခ(၈) နဗဟ(၁)မှူးမြင့်ဇော်သည် (၁)ပနောကျခီး (၂)ဝင်းခန(၃)မော ထီး(၄)ဃောကလား မှရွာလူကြီးများကိုနိုဆို့နိုင် စစ်စခန်းဝင်းထဲသို့ ၀၉း၀၀နာရီတွင်ခေါ်ယူပြီး အကျပ်ကိုင်စစ် ဆေးမှုများပြုလုပ်ပြီးလျှင် ထိုရွာလူကြီးများအား ၄င်းတို့ရွာအနီးတဝိုက်တိုက်ပွဲဖြစ်ပွားခဲ့လျှင်ရွာများမီးရှို့ခံရမည် ဟုခြိမ်းခြောက်မှာကြားသည်။
၉.၅.၂၀၁၀နေ့၁၄း၄၀အချိန် တွင် DKBA ၉၉၉ တပ်ရင်း(၃)တပ်ခွဲ(၃) မှ ကြင်ကို့ သည် ခူးဒိုနှင့်ချောင်းပြ ရွာမှ ရွာလူကြီးများကို တမယ်ခိုစစ်စခန်းဝင်းသို့ပြန်ခေါ်သွားပြီး ညင်းပန်းနှိပ်စက်ပြီးတာနဲ့ စကခ(၁၂)သို့ဆက် လက်ပို့ဆောင်သွားခဲ့သည်။ ထိုရွာလူကြီး၂ဦးအမည်မှာ (၁) ချောင်းပြရွာမှ နော်မူးဝီး ၄၆နှစ် (၂)ခူးဒိုရွာမှ မလှသိန်း ၄၈နှစ်တို့ဖြစ်သည်။

တပ်မဟာ(၂) တောင်ငူခရိုင်
၁၈.၅.၂၀၁၀နေ့ ၂၁း၃၅နာရီတွင် သအေးထာအရပ်မှာ မိမိတို့ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရန်သူ၁ဦး ဒဏ်ရာရ။ အဆိုပါတရက်ထဲမှာဘဲ ၀၉း၁၅နာရီ တွင် မောထာအရပ်တွင် မိမိတို့နှင့် ရန်သူ ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူဘက်မှ ၁ဦးသေ ၁ဦးဒဏ်ရာ။ မိမိတို့ဘက်မှ ၁ဦးဒဏ်ရာရခဲ့ကြောင်းသတင်းရရှိသည်။

ကညောဖိုးBlogမှကူးယူဖော်ပြထားသည်။