Pages

Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Saturday, June 18, 2011

ဦးစောခေးတိ၏ ခရီးကြမ်း

ဧရာဝတီမှ........

အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစုရှိ ပို့ဘလဲမြို့မှ အကျဉ်းထောင်နှင့် ကာလကတ္တားမြို့မှ ပရက်စီဒင်စီ အကျဉ်းထောင်များတွင် ၁၃ နှစ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရသည့် ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးသည် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် ပြန်လွတ်မြောက်လာခဲ့သည်။ ကျန် ၃ ဦးသည် ပို့ဘလဲ အကျဉ်းထောင်တွင် ရင်ဆိုင်ခဲ့ရသည့် ၀တ္တရားနှောင့်ယှက်မှုကို ရင်ဆိုင်ဖြေရှင်းပြီးမှ လွတ်မြောက်မည်ဖြစ်သည်။ တော်လှန်ရေးသမားများ အိန္ဒိယသို့ ရောက်လာရခြင်းအကြောင်းရင်း၊ ဖမ်းဆီးခံရပြီးနောက် ပို့ဘလဲမြို့ အကျဉ်းထောင်တွင် အကျယ်ချုပ်ဖြင့် နေခဲ့ရချိန်နှင့် ပရက်စီဒင်စီ အကျဉ်းထောင်တွင် နေခဲ့ရချိန်တို့တွင် ကြုံတွေ့ခဲ့မှုများနှင့် လွတ်မြောက်လာသည့် အခြေအနေများကို တော်လှန်ရေးသမား ခေါင်းဆောင်များအနက် တဦးဖြစ်သည့် ကရင်တိုင်းရင်းသား ဦးစောခေးတိအား ဧရာဝတီသတင်းထောက် ဇာနည်မာန်က တွေ့ဆုံမေးမြန်းထားပါသည်။