Pages

Tuesday, December 14, 2010

စစ်အစိုးရ တပ်ခေါ်ကျိုးခြေကုပ် စခန်းကို ဒီကေဘီအေက သိမ်းပိုက်

ကောင်းဝါ သတင်းမှ.....

စစ်အစိုးရတပ်များ ခြေကုပ်ယူထားရာ မြ၀တီခရိုင်၊ ဖလူးလေးတောင်ဘက် တပ်ခေါ်ကျိုး တောင်တန်းကို ဒီဇင်ဘာလ(၉)ရက် မနက်(၁၀)နာရီအချိန်မှာ ဒီကေဘီအေတပ်မှ ၀င်ရောက် သိမ်းပိုက်ခဲ့သည်ဟု ဒီကေဘီအေ ဗျူဟာ(၁)စစ်ဆင်ရေးမှူး ဂျီထူး ဗိုလ်မှူး စောဆန်းအောင်မှ ပြောပါသည်။“နအဖ တပ်ရင်း(၅၄၇) ၊ (၂၃၀) ဆုတ်ကုန်ပြီးနော်၊ တိုက်ပွဲ ကြီးကြီး (၂) ရက် ဆက်တိုက် ဖြစ်တယ်နော်။ (၂)ရက်ဆက်တိုက် အကြိတ်အနယ် ဖြစ်ကြတယ်နော်။ ဒီနေ့ကျနော်တို့ (၁၀) နာရီလောက်မှာ ၀င်ရှင်းတယ်၊ ကျနော်တို့ တက်ရှင်းတာ အလောင်းတစ်ခုရတယ်။ မြေပုံရတယ်၊ မှတ်တမ်းမှတ်ရာရတယ်၊ နောက်သူတို့ ဆက်သွယ်ရေးစက်ပြောတဲ့ လက်လှည့် လျှပ်စစ်ဓါတ်အားပေးစက်ရတယ်။ သူတို့ကျန်နေတဲ့ ရိက္ခာတွေကိုတော့ ကျနော်တို့ မီးရှို့လိုက်ပြီး။”

ဒီဇင်ဘာလ(၆)ရက်နေ့ ညနေကတည်းကစပြီး ဒီကေဘီအေဘက်မှစတင်ထိုးစစ်ဆင်ခဲ့သည်ဟုဆိုသည်။

ယခုဆုတ်ခွာသွားသည့် စစ်အစိုးရတပ်ရင်းစစ်ကြောင်းများသည် မြ၀တီမြို့တောင်ဘက် ဖလူးကြီးရွာကို ရောက် ရှိနေသည့် တပ်မ(၄၄)လက်အောက်ခံ စစ်ကြောင်းများနှင့်ပေါင်းပြီး ဒီကေဘီအေတပ်များကို ပြန်လာ တိုက်ဖို့ရှိကြောင်း ဒီကေဘီအေဘက်မှဆိုပါသည်။

Monday, December 13, 2010

ဒေါ်စုကို ပြန်မလွှတ်ရန် တရုတ်ကမြန်မာကို အကြံပေးခဲ့

myanmarwikileaks မှ.....

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးရီဒေါင်ဘိုက အောက်တိုဘာလ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဦးဥာဏ်ဝင်းကို နေပြည်တော်မှာ သွားရောက်တွေ့ဆုံပြီး တရုတ်အစိုးရက ပေးပို့ထားတဲ့ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ အမှာစကားကို သွားရောက်ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ် ပေးဖို့အတွက်ကို စဉ်းစားပါအုံးလို့ ပြောဆိုခဲ့တယ်လို့ မိနစ်ပိုင်းလေးအတွင်းကပဲ မြန်မာအစိုးရရဲ့  နိုင်ငံခြား ရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာနက တာဝန်ရှိသူ ၎င်းရဲ့  နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့  အီးမေးလ် လိပ်စာနဲ့ ပဲ ပို့ လာတဲ့စာမှာ အခုလို ဖော်ပြထား ပါတယ်။

Friday, December 10, 2010

ဝီကီလိစ် - အိုင်တီနည်းပညာနှင့် နိုင်ငံရေး စစ်မျက်နှာသစ်

ဧရာဝတီ မှ....

“စာနယ်ဇင်း ပညာသည် တိုက်ခိုက်မှု မဟုတ်၊ ဝီကီလိစ် (WikiLeaks) သည် စစ်ပွဲမဟုတ်” ဟု ဟပ်ဖင်တန်ပို့စ်တွင် ဆောင်းပါးရှင် ဂျို့စ် မူးလ်က ရေးသည်။

သို့သော် မီဒီယာသစ် (New Media) ဟု သတ်မှတ်ထားသော ဝီကီလိစ် ဝက်ဘ်ဆိုဒ်၏ ဖွင့်ချမှုများကို အမေရိကန် အစိုးရက အမျိုးသားလုံခြုံရေးကို ထိပါးစေသော “တိုက်ခိုက်မှု” ဟု မြင်လာပြီး ဝီကီလိစ်ကို ထောက်ခံသူ ဆန့်ကျင်သူများ အပြန်လှန် နည်းပညာတိုက်ခိုက်မှုများ၊ ဥပဒေကြောင်းအရ စွဲချက်တင်နိုင်ရန်၊ ခုခံနိုင်ရန် ကြိုးပမ်းမှုများအပါအဝင် “စစ်ပွဲတခု” အသွင် ဆောင်လျက်ရှိပေသည်။

Friday, December 3, 2010

ဘုရားသုံးဆူ - ကြာအင်းဆိပ်ကြီး ရေလမ်းခရီး သွားလာခွင့်မပြု

ဧရာဝတီ သတင်းမှ.....

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီးမြို့နယ်သို့ ခရီးသည်တင် စက်လှေများ သွားလာခွင့်မပြုရန် စစ်အစိုးရ ဘက်က ယခုရက်ပိုင်းအတွင်း ညွန်ကြားထားကြောင်း သိရသည်။
ဘုရားသုံးဆူမြို့နယ်မှ ကြာအင်းဆိပ်ကြီးသို့ ကားလမ်း မပေါက်သေးသောကြောင့် ကုန်သည်နှင့် ဒေသခံများက စက်လှေကို အဓိကထား၍ သွားလာနေသော လမ်းကြောင်း ဖြစ်သည်။