Pages

Monday, September 20, 2010

ကရင်ပြည်နယ် ကျေးရွာ ၁၅၅ အုပ်စု ရွေးကောက်ပွဲ မဲပေးခွင့်မရှိ

VOA သတင်းမှ.....

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသား ဒေသတွေက မြို့နယ် ၃၂ မြို့နယ်ကို ရွေးကောက်ပွဲ မပြုလုပ်တဲ့ နယ်မြေတွေအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။ ဒီအထဲမှာ ကရင်ပြည်နယ်ကတော့ အဆိုးရွားဆုံး အခြေအနေအဖြစ် မဲပေးပိုင်ခွင့် နယ်မြေတွေ ဆုံးရှုံးခဲ့ရပါတယ်။ မြို့နယ်အားလုံးမှာရှိတဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စုကို မဲပေးခွင့် မပြုတဲ့သဘော ဖြစ်တဲ့အတွက် ကရင်အမျိုးသားတွေ အနေနဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ကရင်နိုင်ငံရေးပါတီ တခုက ဆိုပါတယ်။ အစိုးရကနေ ကျောထောက်နောက်ခံ ပေးထားတဲ့နိုင်ငံရေးပါတီတွေ အနေနဲ့ အဲဒီဒေသတွေမှာ ယှဉ်ပြိုင်ရင် မနိုင်တဲ့ အနေအထားမှာရှိလို့ အခုလို ချန်လှပ်ထားခဲ့တယ်လို့လည်း သုံးသပ်သူတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

Wednesday, September 15, 2010

အပစ်ရပ် ဝ နယ်မြေအနီးသို့ မြန်မာတပ်မချဉ်းကပ်

သျှမ်းသံတော်ဆင့် မှ....

နယ်ခြားစောင့်တပ် ငြင်းဆန်နေသည့် တရုတ်နယ်စပ်ရှိ အင်အားကြီး ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ နယ်မြေအနီးသို့ မြန်မာစစ်တပ်မှ ကျောက်မဲမြို့ အခြေဆိုက် စကခ (၁) လက်အောက်ခံ နည်းဗျူဟာတစ်ခုကို စက်တင်ဘာလ ၁၂ ရက်နေ့ က စတင်စေလွတ်လိုက်ပြီး ကျန်တပ်ရင်းများကို အသင့်ပြင်ထားရန် ညွန်ကြားထားကြောင်း သိရသည်။

ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မန်းဆိုင်နှင့် အနီးဆုံးဖြစ်သော မြန်မာစစ်တပ်ထိန်းချုပ်ရာ တန့်ယန်းမြို့သို့ စေလွတ်လိုက် ခြင်း ဖြစ်ပြီး ထိုမှတဆင့် ဝ နယ်မြေအား စိုးမိုးထားသော လွယ်ပန်လုံ မြန်မာတပ်စခန်းသို့ ဦးတည်ချီတက်နေသည်ဟု စစ် ဘက်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တန့်ယန်းကနေဆိုရင် သံလွင်မြစ်ကူးတဲ့ တာကော်အက်တံတားကို ဖြတ်ပြီး တောင်ကြောကို တစ်နာရီကျော် လောက် သွားရတဲ့ လွယ်ပန်လုံဘက်ကို ပို့နေတယ် လွယ်ပန်လုံစခန်းက ဝ နယ်မြေကို အပေါ်စီးကနေစိုးမိုးထားတဲ့ ပို့စ်ကုန်း တစ်ခုပေါ့ ဒီကနေ၀င်ရင်တော့ ဝ ဋ္ဌာနချုပ်ပန်ဆန်းနဲ့ ဝ မြောက်ဒေသကို ဖြတ်ထားလို့ရတယ် ” ဟု သူက ဆိုသည်။

Saturday, September 11, 2010

အစကောင်းမှ အနှောင်းသေချာတယ်တဲ့

KIC မှ....

နတ်တောင်သား
လူရယ်လို့ဖြစ်လာတော့ အတွေးတစ်ခုစီတော့ ရှိကြတယ်။ အိပ်မက်တွေ မက်ကြမှာကတော့ အမှန်ဖြစ်တယ်။ လူကြီး ပိုင်းတွေမှာတော့ မိမိမက်ခဲ့တဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်မဖော်နိုင် မိမိကသာ အသိဆုံးဖြစ်မှာပါပဲ။ မြန်မာ ပြည်မှာ လူဖြစ်လာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ဘ၀ရေစုန်မျောရတယ်။ ဒီလိုနိုင်ငံရေးဖြစ်စဉ်မှာ ဘ၀တည်ငြိမ်မှုကို ရကြပါရဲ့လား။ အကြမ်းဖျင်းတွက်ကြည့်ရင် နိုင်ငံရေးဖြစ်စဉ်တွေ တသောင်လုံး မတည်မငြိမ်ဖြစ်ခဲ့လို့ ကျုပ်တို့ဘ၀တွေဟာ လည်း မတည်မငြိမ် ဖြစ်ကြရပါတယ်။ လူတွေဟာ နိုင်ငံရေးရဲ့ သားကောင်ဆိုတဲ့ ဒဿနဟာ မှန်လှပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံ ရေးဖြစ်စဉ်မှာ နိုင်ငံရေးအခြေအနေကိုလိုက်ပြီး ဘ၀ကို တည်ဆောက်ကြရပါတယ်။ ဘ၀တွေအားလုံးကို ပေါင်းရုန်းပြီး တည် ဆောက်လိုက်တော့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကြီး ဖြစ်ပေါ်လာရပါတယ်။ ကောင်းသလား ဆိုးသလားဆိုရင်တော့ အားလုံးက ဖြတ်သန်းလာရလို့ သိကြတဲ့အတိုင်းပေါ့။ မကောင်းတာ လုပ်တာများရင်တော့ မကောင်းတာဖြစ်တာများမှာပဲ။ ကောင်းတာ နည်းရင်တော့ ကောင်းတာလုပ်တာနည်းလို့ပဲ ဖြစ်ရမယ်ဆိုတာ လူပိန်းတွေး တွေးကြည့်ရင် ရပါတယ်။ လုပ်ကြကိုင်ကြတဲ့အ ပေါ်မှာ အတွေးအခေါ်နဲ့ လုပ်ကြကိုင်ကြတာပါပဲ။ ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်လုပ်ကြတာ အတွေးအခေါ်ချင်းတူရင် အလုပ်အ ကိုင်ရဲ့ ပုံသဏ္ဍာန်ချင်းလည်း တူမှာပဲ။ အဲဒီတူညီတဲ့ လုပ်ပုံကိုင်ပုံတွေက ရလာတဲ့ရလဒ်ပေါ်မှာ အခြေခံပြီးတော့ ဘ၀ဖြစ်စဉ် တွေ ဖြစ်လာကြတာပဲ မဟုတ်လား။

Thursday, September 2, 2010

ငရဲခန်းသို့ သမင်လည်ပြန်

ဧရာဝတီ မှ...

စစ်အာဏာရှင် လက်အောက်မှာ တနိုင်ငံလုံး ထောင်ထဲရောက် နေသလိုပဲ ဆိုတာ ကြားဖူးမှာပါ။ စစ်အာဏာရှင် တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တနိုင်ငံလုံး ခံစားနေရတာကို ပုံဖော်ပြီး ပြောနေကြတာပါ။

ထောင်ထဲရောက်ပြီး စစ်ကြောရေးစခန်းတွေရဲ့ငရဲခန်းတွေထဲက အခွင့်အရေး ချိုးဖောက်ခံရမှု ဆိုတာကို တဆင့်စကား တွေက ဒါမှမဟုတ် ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ရေးသားချက်တချို့ကနေ သိရှိနေကြပါပြီ။ ဒါပေမယ့် မလုံလောက်သေးပါ
ပြောစရာတွေက တယောက်နဲ့တယောက် မတူညီတဲ့ ခံစားခဲ့ရတာတွေကတော့ ရှိနေဦးမှာပါ။ အခု ဒီဆောင်းပါးကလည်း ကိုယ်တွေ့တွေထဲက မှတ်မိသမျှကို မှတ်တမ်းပြုလိုက်တာပါ။
စစ်အာဏာရှင်တွေရဲ့ရက်စက်ယုတ်မာမှုတွေကို စုဆောင်းကြတဲ့အခါ ကိုယ်တွေ့ကြုံသူတွေရဲ့ မှတ်တမ်းတင်မှုတွေက လိုအပ်ချက်တခုအဖြစ် ရှိနေမှာပါ။
စစ်အာဏာရှင်တွေရဲ့စစ်ကြောရေးစခန်းကို ကြုံတွေခဲ့ရသူတွေက ငရဲခန်းလို့ ကင်ပွန်းတပ်ကြပါတယ်။ ဒီငရဲခန်းထဲကို စတင်ရောက်တဲ့ မြင်ကွင်းလေးကို ပြန်စဉ်းစားမိပါတယ်။

Wednesday, September 1, 2010

ဘူးပေါက်နဲ့ ခပ်တဲ့ရေ

နေမင်းသူရ (တပ်မတော်အရာရှိဟောင်းတဦး) / ၀၁ စက်တင်ဘာ ၂၀၁၀


၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့မှာ ရွေးကောက်ပွဲကြီး ကျင်းပတော့မယ့်အကြောင်းကို နအဖစစ်အစိုးရက ကြေညာသွားခဲ့ပါပြီ။ လမ်းပြမြေပုံ နောက်ဆုံးအဆင့်တခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာဟာ ရေရှည် နေရာဖယ်မပေးစတမ်း အာဏာကို ရယူသွားမယ့် စစ်အုပ်စုရဲ့ ပွဲသိမ်းကောင်း ဇာတ်လမ်းတပုဒ် မဟုတ်သလို ပြည်သူ့အရေးလှုပ်ရှားသူများအတွက်လည်း လမ်းဆုံး အဆုံးသတ် နိဂုံးတခု မဟုတ်ပြန်ပါဘူး။ ဖြစ်ထွန်းလာမယ့် လမ်းစသစ်ပေါင်းများစွာအတွက် ခြေဆင်းတီးလုံးတခု၊ စစ်တုရင်စကားအရ အဖွင့်ရွှေ့ကွက်တခု သက်သက်မျှပါ။

စစ်အုပ်စုအတွင်း မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပေါင်းများစွာကြားကနေ ဒီရွေးကောက်ပွဲကို နအဖတို့ ကျင်းပပြုလုပ်ပေးရတာ ဖြစ်ပါတယ်။ အများထင်ထားကြသလို ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ဖွံ့ကနိုင်မှာပါပဲ။ ကန့်ကွက်တားဆီးနေလို့လည်း မထူးပါဘူး၊ ကြိုက်ကြိုက် မကြိုက်ကြိုက် မဲသာ ထည့်ပေးလိုက်ဆိုတာ အဆိုးမြင်သက်သက်တွေပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဘက်က အခြေအနေတွေ ကောင်းနေလွန်းလို့ ပိုင်နိုင်လောက်ပြီ ထင်မှတ်လို့ နိုဝင်ဘာ (၇) ရက်ကို နေ့ကောင်းရက်သာရွေးပြီး ကြေညာခဲ့တာမဟုတ်ပါဘူး။ ရွေးကောက်ပွဲဝင်မယ့် ပါတီတိုင်းအတွက် အချိန်မလောက်မင၊ စည်ရုံးရေးဆင်းဖို့ နှောင့်နှေး၊ ငွေကြေးအခက်အခဲတွေ ဖြစ်စေပြီး ကြံ့ဖွံ့တဖွဲ့တည်း တဖက်သတ်အနိုင်ရအောင် အချိန်ကိုက် တက်သုတ်ရိုက် ကြေညာသွားခဲ့တာကိုပဲ ကြည့်ပါ။