Pages

Friday, July 30, 2010

"We will rebuild our village starting with the church"

Dear friends,
This week two of the villages we have been in close relation to for 14 years were burned to the ground by the Burma Army. The school and church in the larger village were among the biggest in the Karen State and were beautiful wooden structures set on a bamboo fringed hill. Below the hill and beyond the village stretched some of the most productive rice fields is the area. The villages have withstood many attacks and the church and school were not only well constructed, they were works of art. They were built by the community as places of worship and learning and where the community gathered to celebrate and share the joys of life.

Now the villages, church and school have been destroyed and the stench of the rotting carcasses of livestock killed by the attackers fill the air.

"We do not want to go back to rebuild, how can we?", were the words of one villager. "We had our whole lives here in the village, the school, and church and now it is all gone. Gone too are our livestock, chickens, pigs, goats, cows and water buffalo. We do not know what to do. "

Thursday, July 29, 2010

အာဏာသိမ်းရန် အားထုတ်မှု မအောင်မြင်

freeom news group မှ..........

အိန္ဒိယ နိုင်ငံ သို့ မြန်မာ စစ်ခေါင်းဆောင် အလည်အပတ် ရောက်ရှိ နေစဉ် အတွင်း နေပြည်တော်
တိုင်းစစ်ဌာနချုပ်မှ အကြီး တန်း အရာ ရှိ တစ်ချို့ က အာဏာသိမ်းရန် နှင့် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေအား ရာထူးမှ ဖယ်ရှား ရန် ကြိုးစားမှု များ ရှိ ခဲ့သော် လည်း အောင်မြင် မှု မရှိ ခဲ့ကြောင်း
Freedom News Group မှ စုံစမ်း သိရှိ ရသည်။
အိန္ဒိယ နိုင်ငံ ကို ခြောက် နှစ် အတွင်း ဒုတိယ အကြိမ်မြောက် အလည်အပတ် ခရီးစဉ် အဖြစ် မြန်မာ စစ်ခေါင်း
ဆောင် ဗိုလ်ချုပ်မှုး ကြီးသန်း ရွှေ နှင့် အဖွဲ့ ရောက် ရှိ နေစဉ် နေပြည်တော် တိုင်း စစ်ဌာနချုပ်မှ အရာရှိ အချို့ က
ဦးဆောင်ပြီး အာဏာသိမ်းရန် ကြိုးစား ခဲ့သော် လည်း ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေး ကသဘောမတူ
သော ကြောင့် အထမမြောက် ဖြစ်ခဲ့ရသည် ဟု ကာကွယ်ရေး ၀န်ကြီး ဌာ န (နေပြည်တော် ) မှ အရာရှိ တစ်
ဦးက Freedom News Group သို့ ပြောကြားသည်။

နအဖအား ဆန့်ကျင်သည့် ဒီကေဘီအေတပ်ဖွဲ့ကို ကေအန်ယူ ကြိုဆို

ရဲရင့် (ခေတ်ပြိုင်မှ.......)

နအဖကိုဆန့်ကျင်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) မှ တပ်ရင်းတပ်ဖွဲ့များအား မိမိတို့နယ်မြေအတွင်း အခြေချခွင့်ပြုမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ပြောကြားသည်။

ကရင်ပြည်နယ် ကော့ကရိတ်တွင် အခြေစိုက်ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်း လက်မခံသည့် ဒီကေဘီအေ တပ်မဟာ (၅) ကို နအဖ တပ်ရင်း၊ တပ်ဖွဲ့များက စစ်ရေးအရ ပြင်ဆင်မှုများ လုပ်နေသည့်အတွက် ကေအန်ယူ၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောကြားလိုက်ခြင်းဖြစ်သည်။

Tuesday, July 27, 2010

နအဖ စစ်ဆင်ရေးက ကရင်ရွာသားတွေကိုပစ်မှတ်ပိုထားလာ...

BBC Burmese -27072010

စစ်ပြေးဒုက္ခသည်များကို ထိုင်းစစ်တပ်က နေရပ်ရင်း ပြန်လွှတ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံတောင်ပိုင်း တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ မောကဲထိုင်းနှင့် မော်လီချိုင်းရွာများသို့ ထွက်ပြေးလာသော ကရင်ဒုက္ခသည် ၁ဝဝဝ နီးပါးကို ထိုင်းစစ်တပ်က နေရပ်ရင်းသို့ ယမန်နေ့က ပြန်လွှတ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ဝါ့မီထာ့၊ လေးဝေါ်၊ ဆုံဆည်းမြိုင်နှင့် သေ့ဘောဘိုးရွာမှ ဒုက္ခသည် ၆ဝဝ ကျော်သည် မော်လီချိုင်းသို့လည်းကောင်း၊ ၃၇ဝ ခန့်သည် မောကဲထိုင်းသို့လည်းကောင်း ခိုလှုံရောက်ရှိရာမှ ထိုင်းစစ်တပ်က ပြန်လွှတ်သဖြင့် လူဦးရေ ၉ဝဝ ခန့် နေရပ်ပြန်သွားခြင်း ဖြစ်သည်။

၎င်းတို့သည် မြန်မာစစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA တပ်မဟာ ၅ အကြား တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု ယူဆကာ ယခုလ ၂၅ ရက်နေ့က သောင်ရင်းမြစ် တဖက်ကမ်းရှိ ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးလာသူများ ဖြစ်သည်။
ယခုအခါ မော်လီချိုင်းရွာတွင် ကလေးများနှင့် သက်ကြီးရွယ်အို ၁ဝဝ ခန့်သာ ဆွေမျိုးများအိမ်တွင် ကျန်ရစ်ခဲ့ကြသည်။

Monday, July 26, 2010

DKBA အတိုက်ခံရရင် KNU ကူညီမည်

VOA မှ..........

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ တိုးတက်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့အတွက် စစ်အစိုးရက ဖိအားပေးထားချိန်မှာ နယ်ခြားစောင့်တပ် အသွင်မပြောင်းဖို့ ဆုံးဖြတ်ထားတဲ့ DKBA တပ်မဟာ ၅ နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်လာရင် KNU ကရင်အမျိုးသား အစည်းအရုံးက ကူညီ တိုက်ပေးမယ်လို့ ပြောလိုက်ပါတယ်။

KNU ကနေ ခွဲထွက်သွားတဲ့ DKBA တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကိုလည်း အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်လာရင် KNU နယ်မြေထဲမှာ လာရောက်ခိုလှုံကြဖို့ KNU က ပြောခဲ့ပါတယ်။ တချိန်တည်းမှာပဲ တပ်မဟာ ၅ ကို အစိုးရတပ်တွေနဲ့ ပေါင်းတိုက်မယ်လို့ သတင်းတွေ ထွက်နေတဲ့ DKBA တပ်မဟာ ၉၉၉ က တပ်သားတယောက်ကလည်း တိုက်ပွဲပြင်နေတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

Burma Army burns villages and chases over 900 people into the jungle, attacks continue in Northern Karen State 24 July 2010

FBR Report.....

KEY DEVELOPMENTS
The Burma Army is now attacking villages in Papun (Muthraw) District, Northern Karen State, burning two villages and chasing 916 people into he jungle. Two Burma Army battalions, LIB 370 and LIB 361 continue the attacks.

On July 23, 2010 at 11:00 am, the two Burma Army Battalions approached The Da Der village. The villagers fled. Before entering they shelled 41 mortar rounds into the village. At 2:00pm one Battalion remained on top of the hill above the village while the other entered the village and started looting and burning homes in the upper section. As of today- 24 July, at 1200 noon. (Thai time) the troops are still occupying the village. From Tha Da Der, over 600 people have had their property destroyed and are displaced. They have joined with 300 more villagers from the neighboring areas who have fled for protection but whose villages have not yet been attacked.

ဒုက္ခဝင်္ကပါ

မေရနံ့ (မဇ္ဈိမ)

ဘဝဆိုတာက ပျော်ရာမှာမနေရ တော်ရာမှာနေရတယ်လို့ အဆိုရှိခဲ့ကြတယ် မဟုတ်လား။ ကျမတို့ မြန်မာပြည်သားတွေလည်း အဲဒီစကားပုံအတိုင်း မလိုက်နာချင်လည်း လိုက်နာနေကြရတယ် ထင်ပါရဲ့။

တကယ်တော့ ကျမတို့ချစ်တဲ့တိုင်းပြည်၊ မိဘ၊ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ ခွဲခွာပြီးတော့ သူတပါးတိုင်းနိုင်ငံမှာ ညှိုးနွမ်းသိမ်ငယ်စွာနဲ့ ဘယ်သူမှ နေချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အစစအရာရာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေကြောင့်မို့ မြန်မာပြည်သူတွေဟာ တိုင်းပြည်ပြင်ပကို အလုံးအရင်းနဲ့ ရောက်လာကြတယ်လို့ပဲ ပြောရတော့မယ်။

ဘာမဆို စိုးရိမ်ထိတ်လန့်နေရတဲ့ သတင်းတွေကြားမှာ ကျမတို့ရပ်တည်ရှင်သန်ခဲ့ရတာ တနှစ်ကျော် နှစ်နှစ်နီးပါးရှိပြီ။ နေရာကခေါင်တဲ့အပြင် ရာသီဥတုအားဖြင့်လည်း သမမျှတမှုမရှိဘူး။ မိုးရာသီရောက်ရင် လမ်းတလျှောက်မှာ ဗွက်တွေထူလို့။ မိုးရာသီကိုချစ်တတ်တဲ့ကျမတောင် မိုးရာသီကို မုန်းချင်လာတယ်။ မိုးရွာတဲ့ ရက်တွေဆိုရင် တနေကုန် နေရောင်မမြင်ရတော့ဘူး။ (၇)ရက်တပတ်လောက် ဆက်တိုက်ရွာနေတတ်တဲ့မိုးကြောင့် ဒုက္ခသည် ကျမတို့တတွေ ပိုင်ဆိုင်သမျှအင်္ကျီ၊ လုံချည်တွေကို မီးကင်ရတယ်။ မီးပူတိုက်ဖို့ ဆိုတာကလည်း မီးသွေးရှိမှ၊ မီးအိုးရှိမှအဆင်ပြေသကိုး။

Friday, July 23, 2010

မြန်မာနိုင်ငံအပေါ် အာဆီယံ ဖိအား ပြင်းထန်

VOA မှ.....

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း(၀ဲ) ကို ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး(၀ဲ-ဒု)၊ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး(ယာ-ဒု) နှင့် လာအို နိုင်ငံခြားရေးဝန်ကြီး(ယာ) တို့ ၀ိုင်းဝန်းမေးမြန်းနေကြစဉ်။ (ဇူလိုင် ၂၀၊ ၂၀၁၀)


(၄၃) ကြိမ်မြောက် အာဆီယံဝန်ကြီးများအဆင့် ဆွေးနွေးပွဲမှာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး တိုက်တွန်း ပြောဆိုမှုတွေ ရှိလာတာဟာ အာဆီယံရဲ့ တိုးတက်မှု တစိတ်တပိုင်းပဲလို့ ဆိုနိုင်ပေမဲ့ ထိရောက်မှုတွေ ဖြစ်တဲ့အထိ တိုက်တွန်းဖို့လိုနေတယ်လို့ စောင့်ကြည့်လေ့လာ သူတွေက ပြောပါတယ်။ အာဆီယံအနေနဲ့ ဘာမှမပြောဘဲ စစ်အစိုးရကို အကာအကွယ်ပေးနေတာထက်စာရင် အခုလို တိုက်တွန်းနေတာက ကောင်းတယ်လို့တော့ ယူဆကြပါတယ်။ ဒီအကြောင်း ဘန်ကောက်မြို့ ကနေ ကိုကျော်အောင်လွင် သတင်းပေးပို့ထားပါတယ်။

Thursday, July 22, 2010

ရှုံးပေမဲ့လည်း အနိုင်ရခြင်း

ကျွန်တော် ကြိုက်နှစ်သက်တဲ့သီချင်းလေးကိုလည်းမိတ်ဆွေများနှစ်သက်မယ်လို့မျှော်လင့်ပါတယ်ဗျာ။

Wednesday, July 21, 2010

စစ်အစိုးရမှ အခွန် မရ၍ ထိုင်း-ကရင်နီနယ်စပ်လမ်း ပိတ်မည်ဟုဆို

သတင်း - ကန္တာရ၀တီတိုင်း(မ်)

ထိုင်းနှင့် ကရင်နီပြည် နယ်စပ်လမ်းကြောင်း တခုမှ ကောက်ခံရရှိသော အခွန်တော်များအား မြန်မာစစ်အစိုးရထံ မရောက်ရှိသဖြင့် အကန့်အသတ် မရှိ ပိတ်ထားမည်ဟု သိရသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုက်ရိုက်အမိန့်နဲ့ ပိတ်ခိုင်းလိုက်တယ်လို့ ကြားတယ်။ ၁၄ ဂိတ်မှာ ထိုင်းဘက်က ၀င်လာတဲ့ ကုန်ပစ္စည်းတွေရော၊ မြန်မာဘက်က ထွက်တဲ့ ပစ္စည်းတွေရော လုံးဝအ၀င်အထွက် မပြုရလို့ အမိန့် ထုတ်ထားလိုက်တယ်။ ဆပ်ပြာတုံး တတုံးကအစ ၀င်လာလို့မ ရဘူးလို့ ပြောထားတယ်” ဟု မယ်စူရင်း အခြေစိုက် ထိုင်းစစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်မှ ကရင်နီပြည်တွင်းသို့ တပါတ်နွမ်းကားများနှင့် အခြားသော ကုန်ပစ္စည်းများ နေ့စဉ် တင်သွင်းနေသည့် နယ်စပ်အမှတ် ၁၄ သို့ ပြီးခဲ့သည့် ဇွန်လလယ်လောက်က နေပြည်တော်မှ အထူးစုံစမ်းရေးတပ်များ စေလွတ်ပြီးနောက် ယခုလို လမ်းပိတ်ပင် လိုက်သည့် သတင်းများ ထွက်ပေါ်လာပါသည်။

Friday, July 16, 2010

အာဇာနည်နေ့မတိုင်မီ လုံခြုံရေးများ စတင်ချထား

ခေတ်ပြိုင် မှ............

ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၆၃) နှစ်မြောက် အာဇာနည်နေ့အတွက် ရန်ကုန်မြို့တွင် လုံခြုံရေးများ ယနေ့မှစတင် ချထားပြီးဖြစ်သည်။
ရွှေတိဂုံဘုရားဝန်းကျင်နှင့် ရွှေတိဂုံဘုရားလမ်းတလျှောက်တွင် ရဲအယောက် (၅၀) ကျော်ခန့်ကို နေရာဖြန့်ကာ လုံခြုံရေး ချထားခြင်းဖြစ်သည်။
“အရင်နှစ်ကတော့ အာဇာနည်နေ့မှာမှ လုံခြုံရေးချတာလေ။ အခုကတော့ ကြိုပြီးတော့ လုံခြုံရေးချတာဖြစ်တယ်” ဟု တယကမှ တာဝန်ရှိသူတဦးက ပြောသည်။

Thursday, July 15, 2010

နအဖ တပ်အင်အား ၁,၀၀၀ခန့် ၀င်ရောက်လှုပ်ရှားလာ

KIC မှ.......

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ရှိ ၀င်းရေးနှင့် ကြာအင်းမြို့နယ်တို့တွင် ယခုလဆန်း ပိုင်းမှစ၍ နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ ပူးပေါင်းကာ အင်အား ၁,၀၀၀ခန့်ရှိသည့် စစ်ကြောင်း (၆)ကြောင်းဖြင့် ၀င်ရောက်လှုပ် ရှားလာသည်ဟု သတင်းရရှိသည်။
ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ပါဝင်သော နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈) လက်အောက်ခံ ခမရ (၄၀၆)၊ (၄၀၁)တပ်ရင်း များ၊ နည်းဗျူဟာ-နဗဟ (၃)တပ်ဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) စစ်ဗျူဟာ(၃)တို့ ပူးပေါင်းကာ ၀င်းရေးမြို့နယ် အနန်းကွင်းကျေးရွာတွင် အခြေချရန် ယခုလ ၅ရက်နေ့က စတင် ၀င်ရောက်လှုပ်ရှားလာသည်ဟု ကေအဲန်ယူ၏ စစ်ရေးမှတ်တမ်း များအရ သိရသည်။

Tuesday, July 13, 2010

ပြန်မရနိုင်မဲ့ဆုံးရှုံးမှုတွေ ထပ်မံခြိမ်းခြောက်ပြန်ပြီလား

ကန္တာရဝတီတိုင်း မှ.................

ကရင်နီပြည် ဖာဆောင်းမြို့နယ် ကျောက်လုံးကြီး ခေါ် ကျောက်ညှပ်မှာ စစ်အစိုးရနဲ့ တရုတ်တို့ ပူးပေါင်းပြီး ရေကာတာ တည်ဆောက်ဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီရေကာတာကို တိတ်တခိုးလေး ဆောက်ရွက်နေကြတယ်လို့ ကရင်နီသဘာဝပတ်ဝန်းကျင် အဖွဲ့က ဆိုပါတယ်။

ကရင်နီပြည် တောတောင်တွေကို ဖြတ်သန်းပြီး တသွင်သွင် စီးဆင်းနေတဲ့ အရှေ့တောင်အာရှရဲ့ အရှည်လျားဆုံး မြစ်ဖြစ်တဲ့ သံလွင်မြစ်နဲ့ နမ့်ပန်ချောင်းတို့ ဆုံရာနေရာမှာ တည်ဆောက်ဖို့ ပြင်ဆင်နေကြတာပါ။
မြန်မာစစ်အစိုးရ၏ ရေကာတာ စီမံကိန်းကြောင့် မျိုးသုန်းပျောက်ကွယ်သွားမည့် ကရင်နီမျိုးနွယ်စု တစုဖြစ်သည့် ကယန်းကြေးကွင်းပတ် လည်ပင်းရှည်ခေါ်ပဒေါ်

Monday, July 12, 2010

ဒုက္ခများကြားက ရုန်းထွက်နိုင်ပါစေသား

KIC မှ..............

ကမ္ဘာ့တ၀ှမ်းရှိ တည်ငြိမ်အေးချမ်းမှု မရှိသောနိုင်ငံများတွင် ဒုက္ခသည်များ သိန်းသန်းများစွာ ဖြစ်ရှိနေရသည်။ ထိုအခြေအနေ ကြောင့် ဇွန်လ ၂၀ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် အခမ်းအနားများ ကျင်းပလာခဲ့သည်။ မြန် မာလူထုသည် မိမိနိုင်ငံရှိလျှက် ဖိနှိပ်အုပ်ချုပ်သူ စစ်အာဏာရှင်တစ်စုကြောင့် တည်ငြိမ်အေးချမ်းစွာ မနေနိုင်ကြ။ အိမ်နီးချင်း တစ်ပါးနိုင်ငံတွင် တရားမ၀င် အလုပ်သမားအဖြစ်လည်းကောင်း၊ စစ်ပြေးဒုက္ခသည်များအဖြစ်လည်းကောင်း၊ ပုံစံမျိုးစုံနှင့် ဒုက္ခ သည် ဖြစ်နေရသည်။

Thursday, July 8, 2010

မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုများ

သတင်းနှင့်မီဒီယာ ကွန်ယက် မှ.......

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများသည် အခြားဒေသများထက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပိုများ သည်ဟု ပြည်ပရောက်လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

ပြည်ပအခြေစိုက်လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံသို့ ယခုလ ၅ ရက်နေ့ စွဲဖြင့်တင်သွင်းသည့် အစီရင်ခံစာ၌ ယခုလိုတင်သွင်းခဲ့ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေး ပညာပေးရေးဌာန (မြန် မာနိုင်ငံ)၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ယခုလိုပြောသည်။

ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့နေ့

mizzimaburmese မှ........

“ကြယ်တွေစုံတဲ့ည၊ အဝေးအိမ်ကို လွမ်းတယ်။
ကြယ်တွေစုံတဲ့ည၊ ခရီးမိုင်တွေ ခြားပစေ
ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ နေ့တွေလေ
ကျော်လွန်သွားခဲ့ရင်၊ ပြန်ဆုံဦးမယ်”

(ထူးအိမ်သင်၏ ကြယ်တွေစုံတဲ့ည)

ပနာပခို ရွာက တောင်ပေါ် ကရင်ရွာလေးဖြစ်သည်။ ကျောက်ကြီးမြို့နယ်အတွင်းရှိ ရွာလေး ဖြစ်သည်။ မူခါးဝီးကျိုးရွာ၊ ထီးမူခီး ရွာများနှင့်က တတောင်ကျော်၊ တလျှိုဝင်၊ တပြန့်သွား မလှမ်းမကမ်းရွာများ ဖြစ်သည်။ ထီးမူခီး ရွာအနီးရှိ ထီးမူခီး တောင်ကုန်းထက်တွင် ရန်သူ့စခန်း ရှိနေခဲ့သော်လည်း ပနာပခို ရွာအနီး လျှိုပြန့်လေးတခုအတွင်း၌၊ ကရင့်အမျိုးသားအစည်းအရုံး KNU ကျန်းမာရေးဌာနမှ ဖွင့်လှစ်ထားသည့် ပနာပခို ဆေးရုံငယ်လေးတရုံ ရှိ၏၊

ညာပလိုတဲ၊ တံတားတဲ၊ မူခါးဝီးကျိုး၊ ထီးမူခီး၊ ပနာပခို ရွာများက လယ်မြေလည်း ဖြစ်ထွန်း၏။ သဘာဝမြေဆီ ကောင်းသည့်အတွက် စပါးအထွက်တိုး၏။ တောင်ယာစပါးသည်လည်း ကောင်းကြသည်ပင်။ ဒူးရင်း၊ ဒညင်း၊ ချန်ပေါင်ဖာလာခြံများကြောင့် ထိုဒေသအတွင်း စီးပွားရေးသည် ချောင်လည်ကြသည်ဟု ဆိုရမည်။

Tuesday, July 6, 2010

အနေနီး၊ စုစည်းစေတဲ့ ဖားစည်

ဆောင်းပါး - Kaowao News
ရေးသားသူ - နော်ဘွေဝါး
အင်္ဂါနေ့၊ ဂျူလိုင်လ 06 ရက် 2010 ခုနှစ်

မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသော တိုင်းရင်းသား လူမျိုးတို့သည် ရှေးနှစ်ပေါင်း များစွာကတည်းက အတူတကွ နေထိုင်ခဲ့ကြ ပေသည်။ ထိုသို့ နေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးစု အသီးသီးတို့တွင် ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း ယူဆောင်လာခြဲ့ကသည့် ဆိုင်ရာ ရိုးရာယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းစဉ်လာများလည်း ရှိနေသည်။

ကရင်အမျိုးသားများ အမြတ်တနိုးထားရာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များထဲတွင် ‘ဖားစည်’ သည် ထိပ်ဆုံးက ပါဝင်နေသည်။ ဘိုးဘွားအစဉ်အဆက် လေးစား၊ တန်ဘိုးထား လာကြသည့် ထိုဖားစည်၏ အစဉ်အလာကြီးမှုကို ကရင်လူမျိုးနှင့် ဖားစည် ခွဲခြားမရကြောင်း သမိုင်းအစဉ်အလာက သက်သေထူနေသည်။

သဘာဝဓာတ်ငွေ့မှ ရရှိငွေ မြန်မာ နျူကလီးယားအတွက် ဖြစ်နေ

ခေတ်ပြိုင် မှ........

မြန်မာစစ်အစိုးရ အာဏာပိုင်များသည် အမေရိကန်ပြည်ထောင်စုမှ ရှယ်ဗရွန်ကုမ္ပဏီ၊ ပြင်သစ်မှ တိုတယ်ကုမ္ပဏီတို့ထံမှ ရရှိသည့် သဘာဝဓာတ်ငွေ့ရောင်းချငွေများကို နျူကလီးယားလက်နက် ထုတ်လုပ်ရေးအတွက် အသုံးပြုနေသည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး Earth Rights International (အီးအာအိုင်) က ပြောကြားသည်။

ယင်းအဖွဲ့ကြီးက ဇူလိုင် (၅) ရက်ထုတ်ပြန်သည့် အစီရင်ခံစာ၌ မြန်မာစစ်အစိုးရသည် အဆိုပါ ကုမ္ပဏီကြီး (၂) ခုအပါအ၀င် ထိုင်းရေနံကုမ္ပဏီ PTTEP တို့နှင့် ပူးတွဲလုပ်ကိုင်နေသည့် မြန်မာ့ကမ်းလွန် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဒေါ်လာငွေသန်းပေါင်း ထောင်ချီ ရရှိနေသည်ဟု အထောက်အထား အကိုးအကားများဖြင့် ဖော်ပြထားသည်။

Monday, July 5, 2010

တိတ်တဆိတ် ရေကာတာ တည်ဆောက်မှု နောက်ကွယ်ဝယ်

ကန္တာရ၀တီတိုင်း(မ်) မှ..........
ကရင်နီ (ကယား) ပြည်၊ ဖာဆောင်းမြို့နယ် ကျောက်လုံးကြီး ခေါ် ကျောက်ညှပ်ဒေသမှာ မြန်မာစစ်အစိုးရနဲ့ တရုတ်တို့ ပူးပေါင်းပြီး ရေကာတာ တခုတည်ဆောက်ဖို့ ဆိုင်းပြင်းနေကြပါတယ်။
အဲဒီရေကာတာကို အများမသိအောင် တိတ်တဆိတ် ဆောက်လုပ်ဖို့ လုပ်ငန်းဆောင်ရွက်နေတာတွေ ရှိနေတယ်လို့ ထိုင်းအခြေစိုက် ကရင်နီသဘာဝ ပတ်ဝန်းကျင်အဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ကရင်နီပြည် တောတောင်တွေကို ဖြတ်သန်းပြီး တသွင်သွင် စီးဆင်းနေတဲ့ အရှေ့တောင်အာရှရဲ့ အရှည်လျားဆုံးမြစ် ဖြစ်တဲ့ သံလွင်မြစ်နဲ့ နမ့်ပန်ချောင်းတို့ ဆုံရာ နေရာမှာ ရေကာတာ တည်ဆောက်ဖို့ ပြင်ဆင်နေကြတာပါ။

ဒုက္ခသည်တေးသံ

နှင်းပန်းအိမ် (မဇ္စျိမ)...............

မှိုင်းညို့ရီမှောင်နေတဲ့ တောင်တန်းကြီးတွေဘေးက ဒုက္ခသည်စခန်းလေးမှာ မိုးရေတွေကြား ကြေကွဲလို့နေပါတယ်။ တစိမ့်စိမ့်ရွာနေတဲ့ မိုးလို ဒုက္ခသည်တွေ တစိမ့်စိမ့်ခံစားစေရမယ့်၊ တထိတ်ထိတ်ဖြစ်စေရမယ့်၊ ဒုက္ခသည်အသည်းနှလုံးကို ဓားနဲ့မွှန်းသလို ခံစားစေရမယ့် သတင်းတွေပဲ ကြားနေရပါတယ်။ မသိကျိုးကျွံပြုမှုတွေ၊ မှီခိုမှုတွေ၊ သေချာရေရာမှုမရှိဘဲ လုံခြုံမှုမရှိတဲ့နေရာက ဒုက္ခသည်စခန်းပါပဲ။ ဒုက္ခသည်စခန်းမှာ အသေချာဆုံးက ဒုက္ခတွေပါ။

Sunday, July 4, 2010

င်္Friends

ဒီတစ်ပတ်ကိုတော့ "Friends" ဆိုတဲ့သီချင်းလေးနဲ့အစဖွင့်လိုက်ကြပါစို့.............